(Ep-23)

4.6K 272 13
                                    

ဘာလိုလိုနဲ့ တစ်လ ဆိုတဲ့ အချိန်က ကုန်မှန်း
မသိကုန်သွားခဲ့သလို ဂုဏ် ဂေဟာကို
ရောက်တာလည်း သုံးလထဲရောက်လာပါပြီ။
ဒီသုံးလအတွင်းမှာ ဂုဏ် အများကြီး
ပြောင်းလဲသွားခဲ့သလို ဂေဟာအသစ် ဆော
က်လုပ်မူ့လည်း လှလှပပပြီးသွားခဲ့တယ်။
ဂုဏ် တစ်ယောက် ဒီနေ့ ဂေဟာအသစ်ဖွင့်ပွဲ
ရှိလို့ ရှေ့နှစ်ရက်လောက်ထဲက ဇာနည် နဲ့
မြို့စျေး​ပေါ်ကိုလိုက်ပြီး ဆံပင်ညှပ်ခဲ့တယ်။
ဒါကြောင့် ဒီနေမှာ ဂုဏ် မျက်နှာလေးက
ကြည့်ရရှင်းနေပြီး မြန်မာဆန်ဆန်အဝတ်အ
စားနဲ့ တည်ကြည်ခန့်ညားနေလေတယ်။

ဦးနတ်ဂုဏ်ရှင် နဲ့ ညီမဖြစ်သူ ဒေါ်မေမိုး
တို့လည်း ဖွင့်ပွဲမတိုင်ခင်တစ်ရက်ထဲက ကြို
ရောက်နေကြပြီ။ သားဖြစ်သူရဲ့ဆန္ဒအ
တိုင်း ဦးနတ်ဂုဏ်ရှင် က ဒေါ်ခင်သက်ခိုင် ကို
ခေါ်မလာခဲ့ပါ။ ပြီးနောက် ထိုက် တို့ အ
တွဲက အလုပ်ခွင့်ယူဖို့ မလွယ်လို့ ဒီနေ့ ဖွင့်ပွဲ
ကို မတက်ဖြစ်ကြောင်း ဖုန်းဆက်ပြောခဲ့
တယ်။

အဲဒီလိုနဲ့ ရွာလူကြီး နဲ့ ရွာထဲက လူ အနည်းငယ်
ဖိတ်ပြီး မနက်စောစောဂေဟာအသစ်ရဲ့
အောက်ဆုံးထပ်မှာ ဂုဏ်တို့တရားနာခဲ့ကြတယ်။

ခဏအကြာ တရားနာယူပြီးလို့ ဒေါ်မြတ်မွန်
အတွက် ရည်စူး ၊ ရေစက်ချအမျှတမ်းပေးဝေ
ခဲ့တယ်။ အဲအချိန် ဂုဏ်နတ်ရှိန် မှ တရှုံ့ရှုံ့နဲ့
ထငိုတော့ နောက်မှာထိုင်နေတဲ့ ဇာနည် က ကျော
ကုန်းပွတ်ပြီး အားပေးလာတယ်။ ထွန်းလတ်
နဲ့ ညိုဇော် တို့လည်း ဂုဏ် ကို ကြည့်ပြီးမှ စိတ်မကောင်း ဖြစ်နေကြတယ်။ ပြီးနောက် ဘုန်းဘုန်း
က ဂုဏ် ဝမ်းနည်းနေတာကို မြင်ပြီး အားပေး
စကားဆိုလာတယ်။

"အမေ မရှိတော့ဘူး ဆိုပေမယ့် ဒကာလေး
မောင် ဂုဏ်နတ်ရှိန် ဆီမှာ ဖခင်
တစ်ယောက်လုံး ကျန်ပါသေးတယ် ... တချို့
ဆိုကံအကျိုးပေး မကောင်းလို့
မိဘတွေနဲ့ အတူ မနေရဘဲ ဒီဂေဟာမှာလာနေ
ကြရတယ်... ဒီလူတွေထက်စာရင်
ဒကာလေးကအများကြီးကံကောင်းပါတယ် ...
ဒီတော့ မရှိတော့တဲ့ မိခင်ကို တမ်းတ
လွမ်းဆွတ်နေမယ့်အစား ကျန်ရှိနေတဲ့အချိန်
တွေမှာ တကာလေး က ဖခင်အပေါ်
ကျေးဇူးပြန်ဆပ်ပါ ... အဲဒါမှ ဒကာလေး လူ
ဖြစ်ရကျိုးနပ်ပါလိမ့်မယ်... "

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now