ကျွန်တော်ချစ်သောမွေ့ (S2_10)

2.2K 126 11
                                    


စင်ကာပူနိုင်ငံတွင်ရှိသော နာမည်ကြီး
အထူးကု ဆေးရုံကြီးတွေထဲက တစ်ခု၊
ဒေါ်သက်ခိုင် က သုံးထပ်မြှောက် လူ
နာအခန်းတွင် ဆေးရုံတက်နေရသည်။

ဒေါက်... ဒေါက်... ဒေါက်...

အခန်းတံခါးခေါက်သံကြားတော့
ခိုင်မင်းခန့် က ထဖွင့်ပေးတယ်။

ကျွီးးးးး....

"အော်... ညီချေ တို့ ပါလား"

အခန်းတံခါးဝမှာ ရပ်နေတဲ့ ဇာနည် နဲ့
ဂုဏ် ကို တွေ့တော့ ခိုင်မင်းခန့် အံ့သြ
သွားပါတယ်။ အဲအချိန်မှာ အခန်းထဲရှိ
ဦး နတ်ဂုဏ်ရှင် ကလည်း အသံကြား
ပြီး တံခါးနားကို ရောက်လာခဲ့တယ်။

"သားရှိန်... မောင်ဇာနည်... "

"ဟုတ်ကဲ့ ဦးလေး
ကျွန်တော်တို့ အခုပဲ ပြန်ရောက်တာပါ"

"အော်... အေး ...
လာလေ... အထဲဝင်မယ်မလား"

"ဟုတ်ကဲ့"

ဦးနတ်ဂုဏ်ရှင် က အထဲဝင်ဖို့ ပြောတော့
ဇာနည် လည်း ဂုဏ် လက်မောင်းကို
တို့ပြီး အထဲဝင်ဖို့ အချက်ပြလိုက်တယ်။
ဂုဏ် တစ်ယောက် အရင်ဆုံး မျက်
မှောင်ကြုတ်သွားပါတယ်။ ဒါပေမယ့် ခ
ဏအကြာ ဇာနည် ပခုံး ကို ဂုဏ် တွဲ
လို့ အထဲ ဝင်သွားလိုက်တယ်။ ထော့နဲ့ ၊
ထော့နဲ့ နဲ့ လျှောက်လာတဲ့ ဇာနည် ကို
တွေ့တော့ ခိုင်မင်းခန့် က ခြေထောက်
လှမ်းကြည့်ပြီး ပြောလာတယ်။

"ဟာ ... ညီချေ... ခြေထောက်က
ဘာဖြစ်လာတာပါလဲ"

"အော်... ဘာမှမဖြစ်ပါဘူး ... ဒီအ
လာတုန်းက လမ်းလျှောက်ရင်း
ခြေဆစ်လွဲသလို ဖြစ်သွားလို့ပါ... "

"အခုရော ဘယ်လိုနေသေးလဲ
ဆရာဝန်နဲ့ သွားပြမလား"

"အာ ...မလို...  "

"ခင်များနဲ့ ဘာဆိုင်လဲ
အကိုမွေ့ ကို ကျွန်တော်ဘာသာ
ဂရုစိုက်နိုင်တယ်...ခင်
များ ဘာမှ မေးစရာ မလိုဘူး"

ဇာနည် စကားကို ဂုဏ် က ဖြတ်ပြော
လိုက်တာပင်။

"ညီချေ... "

"လာ... အကိုမွေ့ သွားမယ်"

ဂုဏ် က ရှေ့ဆက်လျှောက်သွားတော့
ဇာနည် လည်း ခိုင်မင်းခန့် ကို အားနာတဲ့
အကြည့်နဲ့ လှမ်းကြည့်ပြီး လိုက်သွားခဲ့
ရတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now