EP • 1 - Uni

16.8K 520 2
                                    

“ဟိတ်ကောင် ဒီဒီ!”

“အင်း!”

“မင်းဒီတစ်ခေါက်ဘယ်လောက်ကြာအောင်နေမှာလဲ”

“ငါအပြီးပြန်လာတာ”

“နောက်ဘွဲ့တစ်ခုယူအုံးမှာဆ်ို”

“အစကတော့ဟုတ်တယ်ကွာ .. အခုဖေဖေကလည်းအလုပ်တွေပုံနေတယ် ယောက်ဖကလည်းမနိုင်တော့ဘူးတဲ့ ဝင်မကူတော့ဘူးလားဘာညာနဲ့ကွာ .. အားနေငါ့ဘဲအလုပ်လုပ်စေချင်နေကြတာ”

“မင်းကလည်းယောက်ျားလေးပဲကွာဘွဲ့နှစ်ခုလောက်ရ တော်တော့ပေါ့! ငယ်ငယ်ကလိုလေသေးမရှိထားပေးခဲ့သမျှအခုပြန်ပြီး‌ကျေးဇူးဆပ်တဲ့အနေနဲ့မင်းကအိမ်ကအလုပ်တွေပြန်ကူပေါ့ကွာ”

“အိမ်ကဦးမာန်ဟိန်းလေသံနဲ့!”

“ဟားဟား!!”

“ဒါနဲ့ ဟိုနှစ်ကောင်ရောမလာသေးဘူးလား”

“လာမယ်ဆိုပြီးမရောက်သေးတာကွ ! အုပ်စိုးကသူ့အမေကအပြင်ခနလိုက်ပို့ဆိုလို့ခနလောက်စောင့်အုံးတဲ့”

“ထူးခန့်ကရော”

“အဲ့ကောင်ကထုံးစံအတိုင်း ဘယ်စကီတွေကိုလိုက်အမ်းနေလဲမှမသိတာ”

“ဘယ်သူ့မှလိုက်အမ်းမနေဘူး ဒယ်ဒီခိုင်းတဲ့ကိစ္စတစ်ခုလုပ်နေရလို့”

သူ့အကြောင်းပြောနေတုန်းရောက်ချလာတာဒီကောင် …

“သားလိမ်မာလေးဖြစ်နေပါပြီပေါ့”

“မဟုတ်ပါဘူးကွာ ငါပူဆာထားတာရှိလို့ခိုင်းသမျှလုပ်ပေးနေရတာ … ဒါနဲ့ မင်းကရောအလည်လာတာပဲလား”

“အပြီးပြန်လာတာပါကွာ”

“ဝမ်းသာတယ်သားကြီးရာ မင်းမရှိတုန်းက တို့သုံးယောက်ဘယ်သွားသွားမင်းကိုသတိရနေကြတာ”

“အခုတော့ပြန်ဆုံကြပြီဆ်ိုတော့ ဘယ်လိုလဲ”

“အတိုင်းအထက်အလွန်ဝမ်းသာတာပေါ့ကွာ”

မာန်တို့လေးယောက်ကမူကြိုတတ်ကတည်းကနေ ဆယ်တန်းအောင်တဲ့အထိပြောမနာဆိုမနာလည်ပင်းဖက်ပေါင်းလာခဲ့တဲ့သူငယ်ချင်းများဖြစ်၏။ သူငယ်ချင်းလေးယောက်လုံးဆယ်တန်းအောင်ပြီးအမှတ်စာရင်းထွက်တာနဲ့ ကျောင်းဆက်တတ်ဖို့တက္ကသိုလ်ကိုယ်စီရွေးကြရင်း မာန်ကတော့ပြင်သစ်မှာကျောင်းသွားတတ်ဖို့ဖြစ်လာခဲ့သည်။ မင်းသန့် , အုပ်စိုး နဲ့ ထူးခန့်ပိုင်တို့သုံးယောက်ကတော့စီးပွားရေးတက္ကသိုလ်မှာအတူ‌တူတတ်ဖြစ်ကြ၏။ အခုတော့မာန်လည်းပြန်ရောက်ပြီး အားလုံးပြန်ဆုံကြပြီဖြစ်သည်။

ချစ်နေဖို့ [ Complete ]Where stories live. Discover now