EP • 14 -Zawgyi

1.3K 28 0
                                    

"ဟေ့ရောင် ဒီဒီ ! စကားမစပ် ငါတို့ဟိုတစ်ခါပြည်သူ့ရင်ပြင်မှာတွေ့ခဲ့တဲ့မိန်းကလေးနဲ့ကလေးကမင်းနဲ့တစ်ခုခုတော့ပတ်သတ်မှုရှိတဲ့ပုံပဲ ဟုတ်လား"

"မင်းကဘာလို့အဲ့လိုပြောတာလဲ"

"အဲ့နေ့ကမင်းတို့ပုံစံကထူးဆန်းနေတာကွာ .. ကလေးကမင်းကိုဝင်တိုက်မိတယ် ကလေးကငိုတော့မင်းကချော့လိုက်တယ် ကလေးအမေကလာခေါ်တယ်ဒါဆိုပြီးနေပြီလေကွာ"

အားလုံးသိနေတဲ့အဖြစ်အပျက်တစ်ခုကို ထူးခန့်ကဘာကြောင့်ခရေစေ့တွင်းကျရှင်းပြနေတာလဲဆိုတာ မာန်တော့နားလည်လားနားမလည်လားမသိပေမဲ့ မင်းသန့်ကတော့နားမလည်နိုင်ဖြစ်နေရသည်။ နောက်ပြီးသူတို့ကဘာလို့တစ်စုံတစ်ခုပတ်သတ်နေမှာတဲ့လဲ။

"ဒါပေမဲ့မင်းတို့စကားတွေဆက်ပြောနေပြီးအဲ့ဒီအမျိုးသမီးထွက်သွားတော့ မင်းသူ့လက်ကိုလှမ်းဆွဲလိုက်တယ် နောက်ပြီးမင်းတို့ကိုကြည့်ရတာစကားအချေအတင်ပြောနေပုံရတယ် ငါပြောတဲ့အရာတွေကိုမင်းပြန်စဉ်းစားကြည့်လေ သာမာန်သူစိမ်းတွေဆိုအဲ့လိုတြွေဖစ်ပါ့မလား"

"မင်းကတကယ့်ကောင် လူရည်လည်ချက်ကတော့"

"ငါလူရည်လည်တာမဟုတ်ဘူး အုံးနှောက်ရှိတဲ့သူတိုင်းအဲ့မြင်ကွင်းကိုမြင်ရင် မင်းတို့တွေရဲ့ပတ်သတ်မှုကမရိုးရှင်းဘူးဆိုတာခန့်မှန်းမိကြမှာပဲ"

ထူးခန့်စကားကြောင့် မဆီမဆိုင်မင်းသန့်မှာနည်းနည်းရှက်သွားရသည်။ဘယ်နှယ့် အုံးနှောက်ရှိတဲ့သူတိုင်းတုန်း .. ကိုယ့်ကိုယ်ကိုတောင်အုံးနှောက်မရှိဘူးလို့ခံစားမိလိုက်ရသည်အထိ။

"ငါအဲ့ဒီအမျိုးသမီးကိုချစ်နေတာ"

"ဘယ်လို !!"

ထူးခန့်ကတော့အံ့ဩနေဟန်တော့ရှိပေမဲ့ဘာအသံမှထွက်မလာပေ။ မင်းသန့်ကတော့အာမေဋိတ်သံပါထွက်သွား၏။

"သူက ကလေးအမေမလား နောက်ပြီးအဲ့နေ့ကကားနားမှာရပ်နေတဲ့လူကသူ့အမျိုးသားမဟုတ်ဘူးလား"

မင်းသန့်ကတော့ စောစောကလိုဘာမှဝင်မပြောဘဲသူတို့နှစ်ယောက်ပြောနေတာကိုသာထိုင်နားထောင်နေလိုက်သည်။

ချစ်နေဖို့ [ Complete ]Where stories live. Discover now