EP • 4 - Uni

4.3K 297 3
                                    

"ဟေ့ကောင် မင်းအရမ်းတွေနှုတ်သီးကောင်းနေပါလားကွ ဟမ်!! မင်းရှေ့မှာထိုင်နေတာမင်းမိဘတွေဆိုတာရောသတိရသေးရဲ့လား"

"သားကလည်းကွယ် အရင်ကဒါမျိုးပြန်မပြောဖူးပါဘူး အခုမှဘာလို့.."

"မေမေတို့မတရားကိုလည်းထည့်ပြောအုံးလေဗျာ"

"ဟေ့ကောင် ဒီလောက်ပြောနေတာကိုထပ်ပြီးနှုတ်သီးကောင်းလျှာပါး‌နေတာ"

"‌ဖေဖေကျွန်တော့်ကိုကတိပေးပြီးသား သားအလုပ်လုပ်မယ်ဆိုရင်မိန်းမ,မပေးစားတော့ဘူးဆိုပြီး"

"ဒါဆိုမင်းကတစ်သက်လုံးမိန်းမ,မယူတော့ဘူးတဲ့လား"

"သားစိတ်ကယူချင်တဲ့အချိန်‌ဆိုယူမှာပေါ့ ဖေဖေတို့တိုက်တွန်းတဲ့အချိန်တော့မယူနိုင်ဘူး"

"ငါတို့ကလည်းမသေခင်.."

"ဇာတ်လမ်းကအဟောင်းတွေပါဗျာဖေဖေရာ မြေးချီချင်ရင် အကြီးမကိုမွေးခိုင်း .. သူနဲ့ကပိုနီးစပ်တယ် သူကယောက်ျားရပြီးတာကြာနေပြီ ကလေးယူခိုင်းတော့"

စကားနိုင်လုတဲ့နေရာမှာသူ့သားတော်မောင်ကိုဘယ်တုန်းကများနိုင်ခဲ့ဖူးလို့လဲ..
အပြိုင်ပြောနေတဲ့သားအဖနှစ်ယောက်ကိုကြည့်ပြီး ဒေါ်ထားချယ်ရီစိတ်ညစ်နေမိသည်။ နောက်ဆုံးကျတော့လည်း သူ့သားကိုပဲအလျှော့ပေးရတာပဲ..

ပြင်သစ်ကရောက်ခါစကလည်း မိန်းမပေးစားဖို့လုပ်ပြန်ရော၊ရတာလည်းမဟုတ်ဘူး။

"ဒါဆိုငါလည်းငါ့ဆန္ဒကိုအချိန်အတိုင်းအတာတစ်ခုထိနောက်ဆုတ်‌ပေးထားမယ်၊မင်းဘက်ကလည်းမင်းယူမဲ့အချိန်တစ်ခုအတိအကျယူ"

"ဟာ..ဖေဖေရာ မယူချင်သေးပါဘူးဆို"

ဖေဖေဆိုတာဘာလို့များ ဒီမိန်းမယူမဲ့ကိစ္စကိုတအားဖြစ်နေသလဲနားမလည်တော့ဘူး။

"ငါ့ကိုပေးမဲ့အချိန်တစ်ခုကိုမင်းစဥ်းစားထား ငါဒါပဲပြောမယ်"

ပြောချင်ရာပြောပြီးထမင်းဝိုင်းကထသွားတဲ့ဖေဖေ့ကိုကြည့်ရင်း မာန်သက်ပြင်းချမိ၏။
ဖေဖေဘာတွေများဖြစ်နေသလဲဗျာ ...

မိဘတွေရဲ့ရင်ထဲကိုဝင်မကြည့်နိုင်သေးဘူးဒီကောင် ! သမီးကြီးကသူ့အ်ိမ်ထောင်လေးနဲ့သူ အိမ်ထောင်ဖက်လေးကလည်းကောင်းတယ်၊စီးပွားရေးကလည်းဖြစ်တယ်၊စိတ်မချခဲ့စရာဘာအကြောင်းမှမရှိပေ။တစ်ခုပဲ သားငယ်ပြောသလို အိမ်ထောင်ကျတာကြာနေပြီ၊ ကလေးယူရတော့မည်မဟုတ်လား။မိဘတွေရှိတုန်းသူ့စီးပွား သူ့အိမ်ထောင်နဲ့သူအခြေတကျဖြစ်စေချင်သည့်အတွက် မြေးချီချင်သည့်စိတ်တွေကို ခနလေးနောက်ပို့ထားရ၏။

ချစ်နေဖို့ [ Complete ]Where stories live. Discover now