EP • 11 - Uni

3.9K 293 5
                                    

အတိတ်ကနေ့ရက်တွေဆီသို့အတွေးနယ်ချဲ့မိရင်း …

"တော်တော့ !! တော်ပါတော့ … ဘာမှမကြားချင်တော့ပါဘူးလို့ ထွက်သွား !!!"

ဝမ်းပုံစံကဆောက်တည်ရာမရ အရုပ်ကြိုးပျက်ဖြစ်နေတဲ့လူတစ်ယောက်လို အသံကုန်အော်ဟစ်ကာမာန့်ကိုမောင်းထုတ်နေတော့သည်။အခန်းထဲရှိရှိသမျှပစ္စည်းမှန်သမျှလည်း ဘာတစ်ခုမှအကောင်းမကျန်တော့ချေ။အဆိုးဆုံးကခုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ နှစ်ယောက်တွဲဓာတ်ပုံဘောင်လေးကအောက်ပြုတ်ကျနေပြီး မာန့်မျက်နှာနားမှာစုတ်ပြဲလို့နေ၏။

"မောင်ပြောတာကိုအရင်နားထောင်ကွာ .. နော် ! ပြီးရင် အသဲကြိုက်တာလုပ်ကွာ"

"ဟင့်အင်း ~ ဘာစကားမှနားမထောင်ချင်ဘူး၊ထွက်သွား !! အသံလည်းမကြားချင်ဘူး မျက်နှာလည်းမမြင်ချင်ဘူး အခုချက်ချင်းထွက်သွား"

"မဟုတ်ဘူးအသဲ ခနနားထောင်ကွာ"

ခေါင်းအတွင်တွင်ခါရမ်းကာတံခါးအဝဘက်သို့လက်ညှိုးထိုးပြီး ဆောက်တည်ရာမရဖြစ်နေတဲ့ဝမ်းကို မာန်အတတ်နိုင်ဆုံးနားဝင်အောင်ချော့ပြောနေရသည်။လောလောဆယ်ပေါက်ကွဲနေသည့်အတွက်စိတ်လိုက်မာန်ပါလျှောက်လုပ်နေရင်ဘယ်သူ့အတွက်မှမကောင်းတာမို့ ကိုယ်လည်းမှန်နေတာမဟုတ်သည်မို့ သူစိတ်တည်ငြိမ်ဖို့ကိုသာမြန်မြန်ဆောင်ရွက်နေရသည်။ဖြစ်ခဲ့သမျှအရာရာကိုတော့ပြီးမှအေးဆေးရှင်းပြရမည်သာဖြစ်သည်။

မာန် သူ့ကိုရင်ခွင်ထဲထည့်ကာဇွတ်ဖက်ထားကာငြိမ်အောင်မနည်းချုပ်ထားရ၏။ဒါတောင်ဇွတ်ရုန်းနေသေး၏။ရင်ဘတ်တွေကိုလည်းပြင်းထန်တဲ့လက်သီးချက်တွေနဲ့ထိုးနှက်နေလေ၏။သွားဖြင့်ကိုက်ထားသည့်ဒဏ်ရာတွေကလည်းမနည်းပေ။

"သစ္စာဖောက် ဖောက်ပြန်တဲ့ကောင် ခွေးလောက်မှအသိဉာဏ်မရှိတဲ့အကောင် ငါ့ကိုလွှတ်စမ်း!! နင့်အသားနဲ့ထိရမှာကိုရွံတယ် လွှတ်ပေးစမ်းလို့..နားမပါဘူးလား ငါပြောနေတယ်လေ"

"မောင်ရှင်းပြတာကိုခနလေးပဲနားထောင်ပေးဖို့တောင်းဆိုနေတာပါကွာ..ခနလေးပါပဲ ၊ပြီးရင်အသဲကြိုက်တာလုပ်ကွာ"

ချစ်နေဖို့ [ Complete ]Where stories live. Discover now