EP • 9 - Uni

4K 241 2
                                    

"မိုဒါး မာမားမငေါက်ချင်ဘူးနော် စကားနားထောင်"

"သားကကိုကို့ကိုချစ်လို့ မာမား"

"မာမားမကြိုက်ဘူးလေ ဒါဆိုရင်ရော ပူတူးကဆက်ချစ်အုံးမှာလား"

ကားမောင်းနေရင်း သူ့ကိုလှည့်မကြည့်ဘဲမေးလိုက်သောကြောင့် သူ့အမူအရာကိုသတိမထားမိလိုက်ချေ။ဘာအသံမှမကြားရတော့မှ လှည့်ကြည့်လိုက်တော့ ပူတူးလေးကကားမှန်ကနေအပြင်ကိုငေးကာ နှာခေါင်းလေးကနီတွတ်နေသည်။
သေချာပါပြီ … သူဝမ်းနည်းနေပြီ ။
မျက်ရည်တွေလည်းဝဲနေရောပေါ့ ။

ကိုယ်လည်းဘာမှမပြောချင်တော့တာနဲ့ မသိချင်ယောင်ဆောင်ပြီးကားသာဆက်မောင်းခဲ့လိုက်၏။ ထို့နောက်မူကြိုရောက်တာနဲ့ မိုဒါးလေးကိုထားခဲ့ကာရုံးသို့ခရီးဆက်ရတော့၏။

သူကမာန့်ကိုဘယ်လိုတွယ်တာပြီးချစ်သွားသလဲမသိပေမဲ့ တွေ့တာမှမကြာသေးပဲ။မွေးကတည်းကအတူတူနေလာခဲ့တဲ့ဒီအဖေကိုရော သူအဲ့လောက်မှတွယ်တာပါရဲ့လားလို့တွေးမိလို့ သိမ်ငယ်မိပါသေးတယ် ကလေးရယ် … မာမားထက်မင်းက အခုမှတွေ့တဲ့ဖအေကိုချစ်နေပြီလား။

ဒါတောင်သူ့ရဲ့ဖအေအရင်းလို့မသိရှာသေးဘူး။သိများသိသွားခဲ့ရင် ဘယ်လိုများလုပ်ရပါ့မလဲ။မာန်ကလည်းသားလေးအပေါ်တွယ်တာနေတာလား ဒါမှမဟုတ် ကိုယ့်ကိုမကျေနပ်တာကနေသားကိုတစ်ခုခုများ … အို ! ဒီတိုင်းဆက်နေလို့မဖြစ်ပါဘူး၊တစ်ခုခုတော့လုပ်ရတော့မည် ။

ဝမ်းနဲ့လွယ်မွေးခဲ့တဲ့မိခင်ထက် ကိုယ်ဝန်ဆောင်ထားတာတောင်မသိပဲဘာဆိုဘာမှမလုပ်ပေးခဲ့တဲ့ဖခင်ကို ပိုတွယ်တာနေပြီလား ကလေးငယ်ရယ် … မားရင်တွေကွဲအောင်တော့မလုပ်ပါနဲ့ကွာ …

အတ္တကြီးတာမဟုတ်ပေမဲ့ သားလေးမျက်နှာတစ်ခုတည်းနဲ့တော့သူနဲ့ပြန်မတွဲချင်။သားလေးမှာမိဘအစုံအလင်မရှိပေမဲ့ သားလေးပြည့်ပြည့်စုံစုံနေနိုင်အောင် လူတန်းစေ့နေနိုင်အောင်တော့ သူတစ်ယောက်တည်းစွမ်းဆောင်နိုင်ပါသေးတယ်။

°°°°°

မာန် လက်ကနာရီကိုကြည့်လိုက်တော့ နေ့လည် ဆယ့်နှစ်နာရီတိတိဖြစ်၏။နေအပူချိန်ကအရမ်းပြင်းလွန်းသည့်အတွက် အဲကွန်းခန်းလေးယူလိုက်မိတာအဆင်ပြေသွား၏။ဒါတောင်ကံကောင်းလို့ ဘွတ်ကင်လှမ်းချိတ်ထားလို့သာအခန်းကကျန်တော့တာဖြစ်သည်။ ဒီလိုအပူချိန်နဲ့ နေ့လည်စာလာစားကြတဲ့ရုံးဝန်ထမ်းတွေကလည်း သူသူငါငါအဲကွန်းအခန်းပဲကြိုယူထားကြတာများ၏။

ချစ်နေဖို့ [ Complete ]Where stories live. Discover now