EP • 18 - Uni

3.8K 262 8
                                    

"အဲ့ဒါဝတ်ရမှတတ်လို့ရမဲ့ပွဲဆိုရင် မတတ်နဲ့"

"ဘာလို့လဲ"

"ကိုယ့်ကိုယ်ကိုလည်းပြန်ကြည်အုံး ကလေးလည်းရနေပြီ ဘယ်လိုတွေဝတ်နေတာလဲ၊စကတ်ကအရှည်ဆိုတာနာမည်ပဲရှိတယ် ခွဲထားတာကတင်ပါးပေါ်ရောက်နေပြီ အပေါ်ကလည်းရင်သားတစ်ဝက်လောက်ထိပေါ်တော့မယ် .. ဒါနဲ့များဘစ်ကနီနဲ့သွားပါ့လား"

"စကားကိုဘယ်လိုတွေပြောနေတာလဲ စည်းမရှိ ကမ်းမရှိ!!"

ဘယ်လိုတောင်စည်းမရှိလိုက်တဲ့စကားလဲ။အလုပ်ကိစ္စတစ်ခုကြောင့်တတ်ရမဲ့ပါတီအတွက် အဝတ်အစားလဲပြီးသွားမည်လုပ်ကာမှ အခန်းဝမှာတံခါးကိုမှီရင်းခါးထောက်ကာ အခုလိုမျိုးတွေပြောချင်ရာပြောနေတာဖြစ်သည်။သားလေးကတော့ သူ့အခန်းထဲမှာပဲ ကစားစရာတွေနဲ့ကစားနေလေ၏။

အရင်ကဆိုသားနဲ့မို့ ပါတီတွေမတတ်ဖြစ်ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မတတ်မဖြစ်နေရတဲ့ပွဲလည်းရှိလာရော သားကိုစောင့်ရှောက်ပေးထားမဲ့သူက အဆင်သင့်ရှိနေပြီဖြစ်သည်။သူရောက်လာတာ သားအတွက်ကိစ္စတွေမှာ တော်တော်လေးအဆင်ပြေ၏။

"ဝမ်း ကျွန်တော့်ကိုမကြည်ဖြူသေးရင်လည်းရတယ် ဒါပေမဲ့ ဝမ်းရဲ့ကလေးအဖေဆိုတဲ့အသိနဲ့တင် ဝမ်းဒီလိုတွေဝတ်တာကိုတားပိုင်ခွင့်ရှိတယ် သဘောပေါက်လား"

"ငါကြိုက်လို့ငါဝတ်တာပဲ ဘာဖြစ်လို့လဲ ဘယ်သူ့ကိုထိခိုက်နေလို့လဲ ဘယ်သူ့ကိုရောဂရုစိုက်နေရမှာလဲ"

"ဘာ !!"

"ဟုတ်တယ်လေ ကလေးရှိတာနဲ့ အိမ်ထောင်သည်ဖြစ်တာနဲ့ပဲ ဒါမျိုးတွေမဝတ်ရတော့ဘူးလား အရေးမပါတာ"

သူဝတ်ထားတဲ့ပုံကတော်တော်ကိုမျက်လုံးထဲကန့်လန့်ဖြစ်နေသည်။ဘယ်လိုမှခံစားလို့မရဘူး၊သူ့ဒီပုံစံကိုပါတီတတ်မဲ့လူတကာကကြည့်နေမှာကို သူကဘာမှမဖြစ်ဘူးလား။နောက်ပြီး ယောက်ျားတွေဆိုတာဟိုပေါ်ဒီပေါ်ဝတ်ထားရင် မကြည့်တဲ့သူဆိုတာနည်းတယ်၊စိတ်ထဲကပါပါမပါပါ အနည်းနဲ့အများတော့ကြည့်ကြမှာပင်။ဒါတွေကိုမသိဘူးလား သိရက်နဲ့တမင်ပြချင်လို့ဝတ်နေတာလား။သာယာနေတာလား။

ချစ်နေဖို့ [ Complete ]Where stories live. Discover now