EP • 8 - Uni

4K 278 1
                                    

"ကိုကို လာ "

မာန့်လက်ကိုဆွဲကာ ဂျွန်ဝမ်းမိုရပ်နေသည့်ဘက်သို့ခေါ်သွားပြီး စားပွဲဝိုင်းတစ်ခုမှာထိုင်ခိုင်းလေသည်။နောက်တော့ ဂျွန်ဝမ်းမိုပါထိုဝိုင်းသို့လာထိုင်လေသည်။

"ကိုကို ဦးနိုင်ကဒီဦးဦး"

လက်စသတ်တော့သူက သူ့ဦးနိုင်ကိုခေါ်ပြတာပေါ့ ။ကလေးကဦးနိုင်လို့ခေါ်ပုံထောက်ရင် ဒီလူက ကလေးအဖေမဟုတ်ဘူးလား။ဒါဆိုတခြားယောက်ျားတစ်ယောက်ရှိနေသေးတာလား။

"မာမား ကိုကိုနဲ့အတူတူထိုင်မယ်နော်"

"ဟင်! အော် … ဟို သားကိုမာမားဘာပြောထားလဲ "

သူစိမ်းတွေရှေ့ဆိုရင်သားကိုအဲ့လိုပြောရမှာအားနာပေမဲ့ သူစိမ်းကသူဖြစ်နေရင်တော့အားနာစရာမလိုဘူးလို့ထင်တာပဲ။

"ကိုကိုကသူစိမ်းမဟုတ်ပါဘူးမာမားကလဲ နောက်ပြီးကိုကိုနဲ့သားကသူငယ်ချင်းတွေ"

ဘယ်တုန်းကငါသူနဲ့သူငယ်ချင်းလုပ်မိသွားတာတဲ့လဲ။

"နော် ကိုကို"

"ဟင် ! အော် အေးဟုတ်တယ်"

"ကိုကို့အိမ်ကဘယ်မှာလဲဟင် ကိုကို့မာမားရော"

သားလေးမေးတာကိုဟိုလူကဘယ်လိုထင်သွားမလဲတော့မသိဘူး ၊ သားလေးကသူ့မှာသူသိတဲ့မာမားပဲရှိတဲ့အတွက် ဟိုလူ့ကိုလည်းမာမားရောလို့ မေးလိုက်ခြင်းသာဖြစ်သည်။

"ကိုကို့ဖေဖေနဲ့မေမေကအိမ်မှာပေါ့ကွ"

"ဖေဖေ … မာမား ပူတူးရဲ့ဖေဖေရော"

မာန်ရဲ့ဖေဖေဆိုတဲ့စကားကြားတာနဲ့တပြိုင်နက် လုံးလုံးလေးက ဖေဖေ ဆိုပြီးသံယောင်လိုက်ကာ သူ့မာမားဆိုသူကိုသူ့ဖေဖေရောလို့ပြန်မေးရှာ၏။ ထိုပြောပုံကိုထောက်ရင် လုံးလုံးကသူ့အဖေကိုမသိဘူးလား ၊ ဟိုလူကအဖေဘယ်သူဆိုတာပြောမပြဘူးလား ၊ အဖေဆိုသူကဘယ်သူလဲ ၊ ဘာတွေဖြစ်နေတာလဲကွာ ရှုပ်နေပြီ ။

"ကိုမာန်ကဒီဝိုင်းမှာထိုင်နေတာလား ယွန်းကဖေဖေတို့နဲ့စကားပြောနေတယ်ထင်တာ"

"အင်း … ကိုယ်ကလူကြီးတွေနဲ့ပြောစရာစကားမှမရှိတာ နောက်ပြီးလူကြီးတွေနဲ့မနေတတ်ဘူး သိတဲ့အတိုင်း အဟင်း ! မွန်းကျပ်တယ်လေ"

ချစ်နေဖို့ [ Complete ]Where stories live. Discover now