Final - Zawgyi

1.3K 30 0
                                    

"မောင်ရေ … ဘုန်းကြီးတွေကြွလာတော့မယ် အခုထိပြင်လို့ဆင်လို့မပြီးသေးဘူးလား"

"ပြီးပြီအသဲရေ လာပြီလာပြီ"

ဒီနေ့မာန်မိုဒါးရဲ့ ငါးနှစ်ပြည့်မွေးနေ့မို့ အိမ်မှာဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်ဖို့ဖြစ်သည်။နောက်ပြီး မာန်နဲ့ဝမ်းလည်း မင်္ဂလာဦးဆွမ်းလေးသဘောနဲ့လဲပါသည်။မောင်ကမင်္ဂလာပွဲလုပ်အုံးမယ်လို့ပြောပေမဲ့ သားလေးဒီအရွယ်ရောက်နေမှတော့ အဲ့လိုကြီးလည်းပွဲလမ်းသဘင်တွေမလုပ်ချင်တော့ပေ။

"မမလေး ဘုန်းကြီးကားခြံထဲဝင်လာနေပြီ"

"အော် အေးအေး"

အခန်းထဲကထွက်မလာသေးသည့်မောင့်ကို ဝမ်းလှေကားထိပ်ကနေအော်ခဲ့လိုက်ပြီး အောက်ထပ်ပြေးဆင်းကာ ဘုန်းဘုန်းတွေကြွလာသည်ကို ဦးကြိုပြုလိုက်၏။နောက်ပြီး ဘုရားခန်းထဲတွင်ပဲဘုန်းဘုန်းများကိုဆွမ်းကပ်လိုက်၏။နောက်ပြီး မောင်ရယ်ဝမ်းရယ်မိုဒါးရယ်ကအတူတူထိုင်ကာ ဘေးတွင်အမေ၊အဖေ၊ခြူးတို့လင်မယား မိသားစုအားလုံး ဘုန်းကြီးငါးပါးကို သင်္ကန်း ဖိနပ် ထီး ဝတ္ထုငွေ ဆေးမျိုးစုံ သစ်သီးငါးမျိုး တံဘတ် စောင် မျိုးစုံကိုပါကပ်လှူကြ၏။ဘုန်းဘုန်းများကလည်း တရားချ ဆုပေးပြီးတာနဲ့ ဆွမ်းဘုန်းပေးကြလေသည်။

ဘုန်းကြီးငါးပါးပြန်ကြွသွားပြီး ခနနေတာနဲ့အိမ်အနီးအနားရှိလူများက မိုဒါးအတွက်လက်ဆောင်ပစ္စည်းများနှင့် မွေးနေ့ပွဲသို့လာကြလေသည်။ဘုန်းဘုန်းတွေကို ဆွမ်းထမင်းနဲ့ဟင်းအမယ်မျိုးစုံနှင့်ဆွမ်းကပ်သောလည်း လူဧည့်သည်တွေအတွက်တော့ ဒံပေါက်နှင့်ကြက်သားကိုသာဧည့်ခံလိုက်သည်။ရုံးကဝန်ထမ်းများနှင့် အဖေ့ကုပ္မဏီကဧည့်သည်များ ခြူးရဲ့အပေါင်းအသင်းမိတ်ဆွေများ အမေ့သူငယ်ချင်းများကလည်းသားလေးမွေးနေ့ကို လက်ဆောင်များနှင့်လာကြလေသည်။

မွေးနေ့ပွဲပြီးတာနှင့် သားအတွက်လက်ဆောင်တွေကိုဖောက်ရင်း ကားအရုပ်ဆိုင်ကယ်အရုပ် အရုပ်မျိုးစုံ အင်္ကျီ ဘောင်းဘီ ဖိနပ် မုန့်ဖိုးစုံနေတာပါပဲ။ခြူးအမျိုးသားကတော့ သားလေးအတွက် ကလေးစီးကားဝယ်ပေး၏။သားကထိုကားရပြီးတာနဲ့တခြားအရုပ်တွေကိုစိတ်မဝင်စားတော့ဘဲ သူ့အဖေကိုကားမောင်းသင်ပေးဖို့ဇွတ်ပူဆာတော့တာပဲဖြစ်သည်။သူ့အဖေကလည်းကလေးစီးဆိုင်ကယ်ဝယ်ပေးမယ်လို့ပြောလိုက်တော့ မိုဒါးလေးခင်ဗျာမှာ အရမ်းပျော်နေတာဖြစ်သည်။ကားရောဆိုင်ကယ်ရော ဖေဖေသင်ပေးဟုစကားတစ်ခွန်းထပ်ပိုလာပြန်ပြီပေါ့။

You've reached the end of published parts.

⏰ Last updated: Jan 13, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်နေဖို့ [ Complete ]Where stories live. Discover now