EP • 15 - Zawgyi

1.4K 27 0
                                    

"ဒါဆို သူကပြင်သစ်ကမင်းရဲ့ရည်းစားဟောင်းပေါ့"

"အင်း"

"အဲ့တာဆိုယောက်ျားလေးဆိုတာသူလား ကိုယ်ဝန်ဘယ်လိုဆောင်ပြီးကလေးဘယ်လိုမွေးလဲ"

"ငါလည်းမမေးရသေးဘူး သူကစကားကိုအေးဆေးပြောဖို့လက်မခံဘူး ၊ နောက်ပြီးအဓိက,ကလောကကြီးကိုဆန့်ကျင်ပြီးငါ့ရင်သွေးလေးကိုသူအသက်နဲ့ရင်းပြီးမွေးပေးတယ် ငါကဘာတစ်ခုမှမသိခဲ့လို့သူ့ကိုအဆက်အသွယ်ရှာပြီးမလုပ်ခဲ့တာတောင် ငါနဲ့ရတဲ့သားလေးကိုတော့ဒီအရွယ်ထိပြုစုပျိုးထောင်ပေးတယ် လူတကာနဲ့တန်းတူထားနိုင်အောင် တစ်ယောက်တည်းအားနဲ့ကြိုးစားရပ်တည်ခဲ့တယ် ၊ငါအခုသူ့ကိုနားနားနေနေဇိမ်နဲ့နေခိုင်းပြီးငါပဲသူတို့ကိုမပူမပင်နေနိုင်အောင်အလုပ်လုပ်ကျွေးတော့မယ်ကွာ"

"အင်း မင်းပြောတာမှန်ပါတယ် သူလည်းအတော်ပင်ပန်းခဲ့မှာ စိတ်ရောလူရော"

"အင်း .. ငါဖေဖေနဲ့မေမေကိုတော့ပြောရအုံးမယ် ဘယ်လိုပြောရမလဲကိုမသိသေးဘူး"

"ငါတို့ရောကူပြောပေးမယ်လေကွာ"

"ရပါတယ်ကွာ မယားနဲ့သားကိစ္စဆိုတော့ဖေဖေနဲ့မေမေကိုမင်းတို့ကူပြောပေးလို့လည်းမရလောက်ပါဘူးကွာ ကျေးဇူးပါကွာ"

"အေးပါကွာ လိုတာရှိရင်ပြောပေါ့"

တစ်ခုခုဆိုဒီကောင်တွေကအရမ်းအားကိုရသည်။လောလောဆယ်တော့အနားမှာထူးခန့်နဲ့မင်းသန့်သာရှိသည်။အုပ်စိုးကတော့သူ့အဖေကုပ္မဏီကိစ္စနဲ့မြန်မာနိုင်ငံမှာမရှိပေ။သို့သော်လည်းတစ်ပတ်ကိုလေးရက်လောက်ကတော့အဖွဲ့လိုက် video chat ဖြစ်ကြ၏။ထူးခန့်ပြောပုံအရ အုပ်စိုးကလူကြည့်တော့သာခပ်အေးအေးရယ် ထူးခန့်ညီမ ယမင်းနဲ့ဘာလိုလိုဆိုလားပဲ။

ထူးခန့်ကတော့သူငယ်ချင်းကသူ့ညီမကိုချိန်နေလို့ဆိုပြီးစိတ်ဆိုးတာတွေဘာတွေတော့မရှိပေ။အုပ်စိုးအကြောင်းလည်းသိနေပြီး သူ့ညီမဘဝရှေ့ရေးအတွက်လည်းအာမခံရှိပြီးသားဆိုတော့ ဘာမှမကန့်ကွက်ဘူးထင်ပါရဲ့။

"ဒီအချိန်ဆိုသားလေးမူကြိုဆင်းပြီ ငါသွားကြိုလိုက်အုံးမယ်"

ချစ်နေဖို့ [ Complete ]Where stories live. Discover now