EP • 6 - Uni

4.3K 295 2
                                    

"ဟေ့ရောင်မင်းသန့်"

"ဘာလဲ"

"ဟိုမှာကြည့်လိုက် ရေခဲမုန့်ဆိုင်ကို"

ထူးခန့်ပြောတဲ့နေရာကိုလှည့်ကြည့်မိတဲ့အခိုက်အတန့်လေးမှာပဲ မင်းသန့်ရင်ခုန်သံတွေရပ်သွားမတတ်ကိုပဲ …

"အားပါးပါး လှလိုက်တာ"

"မင်းတောင်အရိပ်ပြရင်အကောင်မြင်လာပြီပဲ"

"လှလိုက်တာကွာ နတ်သမီးလေးလားနော်"

"မင်းသမီးလေးကွ"

"အေးကွာ .. ဪ ! စောက်ရေးထဲကဒီဖုန်းကအလုပ်တစ်လုပ်"

"ဘယ်သူလဲဟေ့ရောင်"

"ဒီဒီ ဆက်တာ .. အေး ဟေ့ရောင် ပြော ! "

"ဟုတ်တယ် နတ်သမီးလေးတစ်ပါးနတ်သက်ကြွေလာလို့ကွာ အဲ့ဒါကြောင့်မင်းကိုစောက်ဖက်လုပ်ပြီးစကားမပြောနိုင်သေးဘူးကွာ ၊ အရေးမကြီးရင်ပြီးမှငါပြန်ဆက်မယ် ဒါပဲ !"

"ငါတို့ပြင်သူ့ရင်ပြင်မှာ အားရင်လာခဲ့ကွာ ငါဖုန်းချပြီ"

ဟိုဘက်ကမာန့်အသံကိုတော့မကြားရပေမဲ့ မင်းသန့်ပြောဆိုနေပုံအရဆိုရင်တော့ အရေးကြီးကိစ္စတော့ဟုတ်ပုံမရပါဘူး။ဒီကောင်ကလည်းလှလို့အတူမျှဝေပြီးငမ်းနေတာကို သူကတမူးပိုပြနေတယ်၊ငမ်းရုံမငမ်းပဲတကယ်များကြွေနေသလားပဲ။သူများပြလို့လဲမြင်ရသေးတယ် ဒီကောင် !

"ဟာ ဟေ့ရောင် နတ်သမီးလေးရောဘယ်ရောက်သွားတာလဲ"

"ငါလည်းမင်းဖုန်းပြောတာကြည့်နေတာပဲ သူဘယ်ရောက်သွားလဲမသိလိုက်ဘူး"

"အေးပေါ့ကွာ ကံမကုန်ရင်ပြန်ဆုံမှာပေါ့"

"တော်သေးတယ် လိုက်ရှာရအောင်လို့မပြောလို့ ၊ ပြောရင်ငါကလည်းမင်းကိုလုပ်ဖို့အသင့်ပြင်ထားတာ"

"လီးလား !! ဒီဧရိယာအကျယ်ကြီးထဲဘုမသိဘမသိနဲ့လူတစ်ယောက်ကိုလိုက်ရှာရအောင်ငါကအရူးလား"

"ဪ အဲ့လိုတော့သိသေးတာပဲ"

မင်းသန့်တော်တော်ဖြစ်လည်းဖြစ်ချင်စရာပဲ …
မိန်းကလေးကတော်တော်ကိုလှတဲ့အထဲပါသည်။အရပ်ကလည်းအရှည်ကြီး ခန္ဓာကိုယ်ကလည်းသေးသေးသွယ်သွယ်နဲ့မိုက်သည်။အသားအရေကလည်းဝင်းအိနေတာ၊သွားထိကြည့်ရင်တော့အိစက်နေမှာကျိန်းသေပဲ။အကယ်၍ပိုင်ရှင်များရှိခဲ့ရင် အဲ့ဘဲတော်တော်ကံကောင်းမှာပဲ ၊ သူမလိုနတ်သမီးရှုံးတဲ့အလှလေးကိုပိုင်ဆိုင်ခွင့်ရလို့ လူကြားထဲလည်းလက်မထောင်နိုင်သလို သူ့ကိုယ်သူလည်းဂုဏ်ယူနေမှာအမှန်ပဲ။

ချစ်နေဖို့ [ Complete ]Where stories live. Discover now