EP • 16 - Uni

4K 270 10
                                    

ဒီနေ့တော့စနေနေ့ဖြစ်သည့်အတွက်သားလည်းကျောင်းပိတ် ဝမ်းနဲ့ကျွန်တော်လည်းအလုပ်ပိတ်တာကြောင့် ဝမ်းတို့သားအမိနဲ့အတူ ဖေဖေနဲ့မေမေကိုသွားတွေ့ဖို့ဝမ်းကိုတော့တိုင်ပင်ထား၏။ဝမ်းကအားတတ်သရောတော့မဟုတ်ပေမဲ့ လက်တော့ခံသည်။

အားနာ၍လား ဘယ်လိုကြောင့်လည်းတော့မသိပေမဲ့ဖေဖေနဲ့မေမေကိုလိုက်တွေ့တယ်ဆိုရင်ကိုအခြေအနေကကောင်းနေပြီလို့ဆိုရမလားပဲ။နောက်ပြီးကျွန်တော်လည်းသားနဲ့ဝမ်းနဲ့မိသားစုလိုက်လေးအတူတူနေချင်နေပြီ။အခုကျတော့ပွင့်ပွင့်လင်းလင်းမပြောရသေးတော့ ညညဆိုအိမ်ပြန်ပြန်ပြီးအိပ်နေရတာစိတ်ညစ်စရာ။

"ဝမ်းရေ ပြီးပြီလား သားလေးကိုရောပြင်ပေးပြီးပြီလား"

"ပြီးပြီ"

"ဒါဆိုသွားကြရအောင်လေ"

ဝမ်းကဘာမှပြန်မပြောဘဲသားကိုလက်ကဆွဲကာအခန်းထဲမှထွက်သွားပြီးကားထဲကစောင့်နေလေသည်။မာန်ကတော့ဒီအိမ်မှာမအိပ်ပေမဲ့ အိမ်ရဲ့ဘယ်နေရာဘာဆိုတာအကုန်သိနေပြီမလို့တံခါးတွေပိတ် သော့ခတ်တာအကုန်လုံးသူပဲလုပ်ခဲ့ရ၏။ဟိုနှစ်ယောက်ကတော့ကားပေါ်အခန့်သားသွားထိုင်နေလေသည်။

"ဘေဘီ ! ဖေဖေတို့ ဘိုးဘိုးနဲ့ဘွားဘွားတို့ဆီသွားမယ်နော်"

"ဟုတ်ဖေဖေ"

မာန်ကကားမောင်းရင်း သူ့သားနဲ့စကားတွေပြောလာတာတစ်လမ်းလုံးပင်၊ကိုယ်ကသာဝစီပိတ်ကျင့်လာရတာ။သူနဲ့ဘာစကားမှလည်းအရေးတယူလုပ်ပြီးပြောနေစရာမှမရှိတာ အခုတောင်မလိုက်ချင်ပဲလိုက်ရတာဖြစ်သည်။

မာန်ကားကိုခြံထဲဝင်လိုက်သည်နှင့် မာန်တို့အိမ်နဲ့ခြံကို ဝမ်းစူးစမ်းကြည့်မိသည်။ပိုက်ဆံလည်းတော်တော်ရှိပုံရသည်။ခြံဝန်းအကျယ်ကြီးထဲမှာမှအိမ်ကြီးကလည်းခမ်းခမ်းနားနားဆောက်ထားလေသည်။မာန်ကားကိုရပ်လိုက်ပြီဆိုတာနဲ့ခြံတံခါးလာဖွင့်ပေးတဲ့ဦးလေးကြီးကမာန့်ဘက်ကကားတံခါးကိုဖွင့်ပေးလာ၏။မာန်ကသူကားပေါ်ကဆင်းပြီးတာနဲ့ ဝမ်းတို့သားအမိကိုတံခါးလာဖွင့်ပေးသည်။ဝမ်းကတမင်ကိုမဆင်းပဲထိုင်နေတာဖြစ်၏။

ချစ်နေဖို့ [ Complete ]Where stories live. Discover now