EP • 23 - Uni

3.6K 260 6
                                    

မောင့်အဖေကအရေးကြီးကိစ္စရှိလို့ဆိုပြီး သူ့အိမ်ကိုလာဖို့ခေါ်တာကြောင့် သွားဖို့ပြင်ဆင်နေရ၏။သားကလည်းသူ့အဘိုးအဘွားအိမ်သွားရမှာဆိုတော့ ပျော်နေရှာသည်။ခြူးကလည်း သူ့တူနဲ့အားရင်အားသလိုကစားပေးသည်။ဒါကြောင့် ဒီကောင်လေးက အဲ့အိမ်သွားရမည်ဆိုရင်ကို ပျော်နေတာဖြစ်သည်။

"အသဲရေ … သွားရအောင်လေ ပြီးပြီလား"

"ပြီးပြီမောင် ခနလေး"

ဘယ်လိုပဲ ကိုယ့်အချစ်တွေကိုသူ့ကိုဘယ်တော့မှထုတ်မပြတော့ဘူးလို့တွေးထားပါစေ၊ ချစ်နေရင်တော့ အလိုလိုနူးညံ့သွားတာ ဂရုစိုက်မိသွားတာ အရာအားလုံးက ထုတ်မပြချင်လည်း ချစ်တာကသိသာသွားကြတာပဲဖြစ်သည်။ချစ်နေမိရင် စကားတောင်စိတ်တိုနေတဲ့အချိန်ကလွဲရင် ရင့်ရင့်သီးသီး လေသံမာမာတောင်ပြောမထွက်ရက်ဘူး၊ တခါတလေ စိတ်တိုစရာရှိရင်တောင် သူနဲ့မဆိုင်ရင် လေသံကိုတမင်လျှော့ချပြီးပြောဖြစ်တာမျိုး …

ချစ်ရပါသည် .. ထိူလူသားလေးကို ~

"သားတို့တောင်ရောက်လာကြပြီပဲ ထိုင်ကြကွယ်"

သူတို့ရောက်ရောက်ချင်း သူ့အမေကခရီးဦးအကြိုပြု၏။အန်တီက တော်တော်သဘောထားပြည့်ဝပြီး လူကြီးပီသသည်၊သဘောလည်းကောင်း စိတ်ရင်းလည်းကောင်းသည်။မောင်နဲ့ချစ်ခွင့်ရခဲ့ပြီး ဦးနဲ့အန်တီကိုယောက္ခမတော်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပဲ၊ ခြူးနဲ့သူငယ်ချင်းလည်းဖြစ်ရ အမျိုးပါဖြစ်ခွင့်ရခဲ့တာကလည်း ကောင်းမွန်းသောလက်ဆောင်တစ်မျိုးလိုပါပဲ။ ထို့အပြင် မောင့်ကိုမွေးထုတ်ပေးလာတာကိုလည်း တကယ်ကျေးဇူးတင်ရတာပါပဲ။

ကိုယ့်ကိုကြည့်ကာပြုံးနေတဲ့ ဝမ်းကဘာတွေတွေးနေသလဲတော့မသိရပေမဲ့ သူတော်တော်ကျေနပ်ပီတိဖြစ်နေတာပဲလို့ မာန်‌ထင်သည်။

"သားငယ် ဖေဖေမင်းကိုပြောစရာရှိတယ်ဆိုတာက သားငယ်ကိုကိုယ်ပိုင်အလုပ်လုပ်စေချင်နေပြီကွာ … အခုလိုသူများဆီမှာလခစားအနေနဲ့မမြင်ချင်တော့ဘူး ကိုယ့်မှာလည်းသားနဲ့မယားနဲ့ဖြစ်နေပြီ သူတို့ကိုပြည့်ပြည့်စုံစုံမကြောင့်မကြဖြစ်အောင် မင်းကြိုးစားရမှာ"

ချစ်နေဖို့ [ Complete ]Where stories live. Discover now