EP • 5 - Uni

4.3K 270 2
                                    

“မင်းကတိပေးပြီးတာတောင်စေ့စပ်ဖို့ထပ်လို့တာတော့ ဦးမာန်ကမမိုက်ပါဘူးကွာ”

“အေး”

“အခုကရောဘယ်သူနဲ့လဲ”

“ငါနဲ့အလုပ်အတူတူလုပ်နေတဲ့ကောင်မလေးပါကွာ သူဒီအလုပ်,လုပ်လို့ရအောင်လည်းဖေဖေကပြောပေးထားတာ”

“အဲ့ဒါဆိုအစကတည်းကအစီအစဉ်ရှိနေတာများလား”

“မပြောတတ်ဘူး”

ယွန်းသဖီကကိုကြည့်ရတာမာန့်ကိုစိတ်ဝင်စားနေပုံရသည်။မသေချာပဲနဲ့တစ်ဖက်မိန်းကလေးသိက္ခာကျမှာစိုးသည့်အတွက်ကြောင့်သာ သူငယ်ချင်းတွေကို မာန်မပြောပြသေးတာဖြစ်၏။‌စကားအပြောအဆို အပြုအမူ နေထိုင်ပုံတွေကတော့သေချာသလောက်ရှိ၏။ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာလည်းမဟုတ်ပါဘူး။

ကောင်မလေးကစိတ်ရင်းလေးကလည်းကောင်းပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းသည်။ကူညီချင်တဲ့စိတ်ကလေးလည်းရှိ၏။ဖြူဖြူစင်စင်လေးပဲဖြစ်ကာ သူ့ပုံစံကတမင်လုပ်ယူထားတဲ့ပုံစံလည်းမဟုတ်ချေ။

“ဒါနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီးပြတ်သွားတဲ့ မင်းရည်းစားအကြောင်းလေးမျှဝေပါအုံး”

“ဘာကိုမျှဝေရမှာလဲ”

“မင်းတို့ပြတ်တာကြာပြီလား”

“အင်း ‌သုံးနှစ်ကျော်ပြီ”

“အိုးမိုင်ဂေါ့ !! ငါတို့ကမကြာသေးဘူးထင်နေတာ”

“အင်း”

“ဘယ်လောက်ကြာကြာတွဲခဲ့တာလဲ ကြာတော့ကြာလိုက်တယ်မလား”

“အင်း လေးနှစ်နီးပါးပဲ”

“ဟာကွာ … နှမြောစရာကြီး ၊ အချိန်တွေရော အချစ်တွေရော ...”

မင်းသန့်ကိုကြည့်ရတာတကယ်ကိုနှမြောနေတဲ့ပုံပါပဲ ၊ ကျွန်တော်လည်းနှမြောမိတာပါပဲ။

“မင်းတို့ဒီလောက်အကြာကြီးမြဲခဲ့ပုံထောက်ရင် တကယ်ချစ်ခဲ့ကြလို့မလား”

အုပ်စိုးကလည်း စဉ်းစားနေဟန်နဲ့ဝင်ပြော၏။

“ငါကတော့တကယ်ချစ်ခဲ့တာပဲ”

“သူကရောတကယ်မချစ်ခဲ့ဘူးလား”

“ငါ့ထက်ပိုဖို့ပဲရှိမှာ”

ချစ်နေဖို့ [ Complete ]Where stories live. Discover now