EP • 24 - Uni

3.7K 246 4
                                    

အမှားကိုသိလို့နောင်တရပြီး ပြန်ပြုပြင်ပြီးသူ့အနားမှာအရိပ်လိုနေ,နေတဲ့ကောင်ကို သူမို့အမြဲတမ်းစကားနာထိုးရက်တယ်။ သူချစ်တာကိုလည်းကိုယ်ချစ်သည်၊ ကိုယ်ချစ်တာကိုလည်းသူသိနေတာပဲ .. သဝန်တိုတတ်တာလည်းအရင်ကတည်းက ဒါလဲသူသိပြီးသားအကျင့်တွေပဲ။ မယုံတာမဟုတ်ပေမဲ့ ချစ်ရင်တော့သဝန်တိုတာသဘာဝပဲလေ။ဒါကိုနားမလည်ပေးဘဲ ထုံပေပေဂျစ်ကတ်ကတ်လုပ်တော့ ကိုယ်ပဲစိတ်တိုတော့ရန်ဖြစ်ရတယ်။

သူသိတာက ရန်ဖြစ်ရင် ကိုယ့်အပစ်ကိုချနင်းပြီးပြောဆိုမယ်၊စကားနာထိုးမယ် ဒါပဲ။တခြားဘာမှမသိဘူး။ခံရခက်တယ်။

ဒါ့ကြောင့်မာန် ဒီနေ့အခန်းထဲပြန်မအိပ်ပဲ သားကိုသိပ်ရင်းသားအခန်းထဲမှာပဲ အိပ်လိုက်သည်။ သူကတော့အပေါ်စီးကနေ ပြောချင်ရာပြောထားရတဲ့သူဆိုတော့ ကျေနပ်ပြီးအိပ်ပျော်နေမှာပေါ့။ကိုယ်ကသာ ရင်ခွင်ထဲမှာသူမရှိတော့ အိပ်ရတာအဆင်မပြေဖြစ်နေတာ။တရေးနိုးပြီးအိပ်မပျော်တော့တာနဲ့ မာန်ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်ခဲ့လိုက်ပြီး တံခါးဘက်သိူ့ကျောပေးကာ ဘေးတစောင်းအိပ်နေသူ၏ ကျောဘက်မှဝင်အိပ်ကာ တစ်ဖက်လူ၏ခါးအားဖက်လိုက်သည်။

ထို့နောက်ဖြည်းဖြည်းချင်းဆွဲလှည့်ကာ ရင်ခွင်ထဲထည့်ပြီး သေသေချာချာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် ခေါင်းလေးအားဖွဖွလေးပွတ်ပေးနေသည်။သူကကိုယ့်လိုလူမိုက်ဆိုး,မဆိုးပေမဲ့ သူလည်းဆိုးတော့ဆိုးတာပဲ။ဘယ်လိုဆိုးနည်းနဲ့ဆိုးသလဲတော့မပြောတတ်။

"မောင့်အချစ်လေး အိပ်မက်လှလှမက်ပါစေကွာ"

ခိုလှုံစရာရင်ခွင်ကျယ်ပိုင်ရှင်က ဒီညတော့စိတ်ဆိုးကာ သားတော်မောင်နဲ့အတူအိပ်နေသောကြောင့် ဝမ်းတစ်ယောက်အိပ်လိုက်နိုးလိုက်နှင့် အိပ်စက်မရပေ။ထို့ကြောင့် မျက်လုံးကြောင်ကာဖုန်းယူပြီး သားသားဆော့တဲ့ဂိမ်းလေးဆော့နေလိုက်၏။ဖုန်းအလင်းကြောင့်မျက်လုံးကပြန်စပ်လာသည်မို့ ဖုန်းပြန်ချရင်းအိပ်လိုက်သည်။အိပ်ခါစမှာပင် အခနထဲတစ်စုံတစ်ယောက်ဝင်လာ၏။ထိုသူကား တခြားသူဟုသံသယဝင်စရာမလိုလောက်အောင်ပင် မောင်ဖြစ်နေခဲ့သည်။ ညနေကစကားပြောနည်းနည်းလွန်သွားတယ်ဆိုတာသိပေမဲ့ အိမ်ထောင်ပြုတော့မည့်သယတစ်ယောက်နှင့် သဝန်တိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲမဟုတ်ဘူးလား။ချစ်တာကချစ်တာပဲပေါ့။

ချစ်နေဖို့ [ Complete ]Where stories live. Discover now