EP • 22 - Uni

3.6K 252 4
                                    

အချိန်အားဖြင့် မနက်ခင်း လေးနာရီပင်ထိုးတော့မည် ၊သူကအခုထိအိမ်ပြန်မရောက်သေးပေ။ဝမ်း တရေးနိုးလို့အိပ်ယာဘေးစမ်းကြည့်တဲ့အခါ အေးစက်စက်အိပ်ယာခင်းကိုသာ ထိတွေ့မိ၏။သားလေးကလည်း ဒီနေ့မှအိပ်ယာဝင်မဲ့အရေး ဖေဖေချော့သိပ်မှလို့ဂျီနေသောကြောင့် ဖုန်းဆက်ခေါ်ပေးသောလည်း ဖုန်းမကိုင်ချေ။ကိုယ်ကပဲမနေနိုင်မထိုင်နိုင်ဖြစ်နေလို့ ပြန်ခေါ်တယ်ထင်နေလို့များ ဖုန်းမကိုင်တာလားတော့မသိပေမဲ့ ကိုယ်ကအနေသာကြီး။သားမျက်နှာကြောင့်သာ …

အချိန်တန်ရင် ဇာတိတော့ပြန်ပြလာတာပဲ။

ဖုန်းမကိုင်ချင်လည်း စာတော့ဖတ်မှာပါဆိုပြီး သားကသူ့အဖေချော့သိပ်မှ အိပ်မယ်ဆိုပြီး ဂျီနေတယ်လို့ စာပို့တာတောင်အဖက်မလုပ်ခဲ့သူ၊ အခုထိတောင်ပြန်မလာဘူးလေ။ထင်သားပဲ ... ကိုယ့်လိုလူနဲ့သားနဲ့ကို သူကဘယ်လိုလုပ်စိတ်ဝင်စားမှုရှိပါ့မလဲ၊သူ့အတွက်ခဏတာ စိတ်ပြေရာပြေကြောင်း လာလည်တာနေမှာပေါ့။

ပွမ် ပွမ် !!

အခုမှပြန်လာတော့ ဘာလုပ်ရမှာလဲ၊ ဒါလူတွေအိမ်ပြန်လာတဲ့အချိန်တဲ့လား။

ဝမ်း တမင်ကိုတံခါးသွားမဖွင့်ပေးဘဲ နေပစ်လိုက်၏။ ပတ်ဝန်းကျင်ကိုလည်း ထည့်တွက်မနေနိုင်တော့ပါ၊ သူ့ဘာသာဟွန်းသေအောင်တီးနေပါစေ မသိချင်ယောင်ပဲဆောင်နေလိုက်ပါတော့မည်။

တီ ~ ~

ဟွန်းတီးတာမရတော့ဖုန်းဆက်ပြန်၏။ဝမ်းမကိုင်မချင်းကို ဆက်တိုက်ခေါ်နေပြန်၏။ နောက်ဆုံး ဝမ်းပဲအလျှော့ပေးလိုက်ရပြန်ပြီပေါ့။

"ငါ့သားရော"

"တော်သေးတာပေါ့ သားရှိမှန်းသိသေးလို့"

ဝမ်း လှေကားပေါ်သို့ ရှေ့ကနေတတ်ရင်း ရွဲ့ပြီးပြန်ဖြေလိုက်၏။

"မသိရအောင် ငါကဘာဖြစ်နေလို့လဲ"

မာန်မေးနေပေမဲ့ တစ်ဖက်လူဆီကတော့ဘာအသံမှ ထွက်မလာချေ။

ဝမ်း အခန်းထဲရောက်တာနဲ့ ကိုယ့်နေရာကိုယ်ဝင်လှဲလိုက်ပြီး စောင်ခြုံကာပြန်အိပ်နေလိုက်သည်။တံခါးထဖွင့်ပေးတာကိုပဲ ကျေးဇူးတင် !

ချစ်နေဖို့ [ Complete ]Where stories live. Discover now