အမှာစာ

2.9K 94 2
                                    

အားလုံးပဲမင်္ဂလာပါရှင့်…
စာရေးသူအနေနဲ့ပြောပြချင်တာလေးရှိပါတယ်ရှင့်။အရင်က Fan fiction လေးတွေရေးဖြစ်ခဲ့ပြီး တခြားစာရေးသူတွေရဲ့ Fan fiction တွေနဲ့ Myanmar OC တွေကိုလည်းဖတ်ပါတယ်။ Fan fiction ရေးရင်းနဲ့ OC ဖန်တီးချင်စိတ်လည်းပေါက်လာခဲ့ပါတယ်။ဇာတ်အိမ်တစ်ခုပြီးတစ်ခုစဉ်းစားနေတာ ကိုယ့်စိတ်ထင်ငါးလလောက်ရှိခဲ့ပါပြီ ၊ဟိုတလောကတော့ conservation မှာတောင်ကြေငြာပြီးမှ ရေးထားတဲ့ဇာတ်လမ်းကပျက်သွားတယ်ရယ်။အဲ့လိုပျက်သွားတာသုံးပုဒ်ရှိနေပြီဆိုတော့လူကတကယ်စိတ်ဓာတ်ကျနေပြီရယ်။ဒါပေမဲ့စာရေးချင်တဲ့ဇောကရှိနေတော့အသစ်တစ်မျိုးကိုဖန်တီးဖြစ်ခဲ့တယ်ပေါ့။

ဒီဇာတ်လမ်းထဲမှာ uke စတိုင်လ်ကဆံပင်ရှည်ရှည်နဲ့မိန်းမပုံစံပေါ့နော်(မကြိုက်တတ်ရင် မဖတ်ဖို့ကြိုတင်ပြောချင်ပါတယ်)။'သူ့ရဲ့စတိုင်လ် သူနေချင်တာကကိုအဲ့လိုအဝတ်အစားတွေနဲ့မို့ စိတ်ဓာတ်နဲ့အကျင့်ကတော့ယောက်ျားတွေနဲ့တစ်ပုံစံထဲပါပဲ' အဲ့လိုပုံစံမျိုးပုံဖော်ထားပါတယ်။စာရေးသူကိုယ်တိုင်ကလည်း uke တွေရဲ့စိတ်နေစိတ်ထားနဲ့အနေအထိုင်ပုံကိုပဲစိတ်ဝင်စားခြင်းဖြစ်ပြီး အဝတ်အစားကိုတော့သိပ်ပြီးအဓိကမထားပါဘူး(စာဖတ်သူတို့အနေနဲ့တော့ဘယ်လိုလဲမသိဘူးပေါ့နော်)။သူတို့စိတ်ဓာတ်လေးတွေကသာမန်ယောက်ျားလေးအများစုလို(တချို့မိန်းကလေးတွေတောင်အဲ့လိုရှိတယ်ပေါ့နော်)စိတ်ဓာတ်ကြံ့ခိုင်ပြီးသန်မာနေ‌တာမျိုးကိုသဘောကျတယ်။လူတွေတွေ့ဖူးနေကြသူတို့ခေါ်နေကြ ရိုင်းရိုင်းပြောရရင်အခြောက်ဆိုရင်ကိုနွဲ့နှောင်းပြီးအသံကိုနူးအိနေတာမျိုးမဖြစ်ချင်ပါဘူး။

ဒါကြောင့်သူ့ပုံစံလေးက အဝတ်အစားကတော့ချွင်းချက်ပေါ့နော်၊တခြားစိတ်ဓာတ်ပိုင်းဆိုင်ရာစကားအပြောအဆိုအပြုအမူ အားလုံးကတော့ယောက်ျားစတိုင်လ်ပါပဲလို့။နောက်ပြီးတစ်ခုရှိတာကလေ သူချစ်ရတဲ့သူဆီမှာတော့သူတို့နေချင်သလိုနေခွင့်ရှိတာပေါ့နော်၊များသောအားဖြင့်အပြင်လောကမှာတောင် တချို့ကောင်လေးတွေသူတို့ကောင်မလေးတွေကိုချွဲတာတွေတွေ့ဖူးကြမှာပါ။ပြောချင်တာက ဘယ်သူဖြစ်ဖြစ်ကိုယ်ချစ်ရတဲ့သူရဲ့ရင်ခွင်မှာတိုးဝှေ့ပြီးဆိုချွဲချင်ချစ်ချင်တီတီတာတာလေးပြောချင်ကြတာပေါ့နော်(အားလုံးရယ်တော့မဆိုလိုပါဘူး၊ကိုယ့်စိတ်ကူးလေးပေါ့)အဲ့တော့ uke လေးက သူ့ seme လေးအပေါ်အဲ့လိုမျိုးဆက်ဆံတဲ့အချိန်တော့စာဖတ်သူတို့အနေနဲ့ uke ကနွဲ့နှောင်းနေတဲ့သူလို့မမြင်စေချင်ဘူးရှင့်။

ချစ်နေဖို့ [ Complete ]Where stories live. Discover now