Prologue

199 9 0
                                    

လွန်းတိမ်လှိုင်း
မှိုင်းမင်းအိမ်
ပယင်းငယ်
မာန်မိုးယံ

ပွင့်လင်းမှုတွေ နားလည်မှုတွေမရှိတဲ့အခါ အချစ်ဆိုတာမှာ ချိူ့ယွင်းချက်တွေရှိလာသည်။ ပေးတဲ့အချစ်နဲ့ လက်ခံတဲ့အချစ် မမျှတဲ့အခါ သဘောထားကွဲလွဲမှုတွေများလာသည်။ ထိုအရာတွေက တစ်ယောက်နဲ့တစ်ယောက်ကို ပိုဝေးဖို့အကြောင်းတွေဖန်လာသည်။ အက်ကြောင်းတွေထပ်လာသည်။ အချိန်တွေကြာလာတဲ့အခါ မှတ်ဉာဏ်တွေမကောင်းတော့တဲ့ ဦးနှောက်‌က အရာရာမေ့ပြစ်ပေမယ့် နှလုံးသားကတော့ အသေးငယ်ဆုံးအရာလေးတွေကအစ အမှတ်သညာပြုတုန်းပင်။

လူမှန်နေရာမှန် မဟုတ်တဲ့အခါ တစ်ဦးတစ်ယောက်တိုင်းက နာကျင်ရကြတာ...

ဒါပေမယ့် ပေးခဲ့တဲ့အချစ်တွေကတော့ ဘယ်တော့မှ မမှားယွင်းခဲ့ဘူး‌ဆိုတာ ‌ငါတို့သိကြတာပဲမလား ...

အချစ်စစ်သာမှန်ပါလျှင် ဒီဘဝ ဒီလူနဲ့သာ သက်ဆုံးတိုင်ရပါစေ။

"သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း"
(ဝတ္ထုတို)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Author's Note,

အားလုံးပဲ မင်္ဂလာပါ။ Black Topicပါ။

နှစ်တွေတော်တော်ကြာကြာပျောက်နေခဲ့ပြီးမှ အခုမှပြန်ပေါ်လာရတာကို အရင်ဆုံးတောင်းပန်ပါရစေ။

ကိုယ်ပိုင် ကာရိုက်တာနဲ့ ဝတ္ထုတစ်ပုဒ်စရေးဖို့ စဉ်းစားမိတဲ့အချိန်ကစပြီး ပြင်ဆင်လာခဲ့တာ နှစ်တွေတော်တော်ကြာသွားခဲ့ပါတယ်။

နှစ်တွေကြာမှ ပြန်ရောက်လာခဲ့ပေမယ့် ဖတ်ရတာတန်အောင် ရေးထားတဲ့ ဝတ္ထု နှစ်ပုဒ်ထွက်ရှိပါမယ်။

ဝတ္ထုတိုတစ်ပုဒ်နဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ အတိုကတော့ ဒီ 'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း' ဖြစ်ပါတယ်။ အပိုင်းလေးတွေ အခွဲများပေမယ့် တစ်ပိုင်းတစ်ပိုင်းကို တိုတိုလေးတွေပါ။

အစကနေ အဆုံးတိုင် အာသာရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါတယ်။ တစ်ပိုင်းချင်းဆီ မလွတ်တမ်းဖတ်ခြင်းဖြင့် လွန်းတိမ်လှိုင်းကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

အာသာနဲ့အတူ စီးမြောပေးဖို့ တောင်းဆိုချင်ပါတယ်။ ရင်ထဲတစ်ခုခုကျန်ခဲ့မယ်ဆိုတာကို အာမခံပါတယ်။

အားလုံးပဲ စောင့်မျှော်ပေးကြဖို့ မျှော်လင့်ပါတယ်။

Comments လေးတွေစောင့်နေပါ့မယ်။

ချစ်ယူ Reader-Nim.

Black Topic.

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now