သူဖန်တီးသော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း (၃၀)

23 1 0
                                    

အိပ်ယာပေါ်ကို တိုက်ရိုက်ထိုးနေတဲ့ နေရောင်ခြည်နဲ့အတူ နားထင်ကို တူနဲ့ထုနေသလို နာကျင်မှုမျိုးနဲ့ ကျွန်တော်နိုးလာခဲ့သည်။ ဇက်ပိုးတွေပါ နာနေသည်။

ကုတင်ဘေးက စားပွဲအသေးပေါ်မှာ အသင့်ရှိနေတဲ့ ရေခွက်ကိုယူပြီး တစ်ခွက်လုံးသောက်ချလိုက်တော့မှ လည်ပင်းခြောက်ပြီးနာတာ သက်သာသွားသည်။

အခန်းအပြင်ကိုမထွက်ခင် ထထိုင်ဖို့ကိုတင် အချိန်အနည်းငယ်ယူလိုက်ရသည်။ အန်ချင်စိတ်က အခုထိ ရှိနေပြီး ပျို့ချင်သလိုဘာလိုလိုနှင့်ပင်။

ခေါင်းထဲချာချာလည်တာ မနက်မိုးလင်းတာတောင် မပျောက်ချင်။

နေရောင်ခြည်ကျနေမှုကြောင့် လင်းထိန်နေတဲ့ မီးဖိုချောင်အလယ်မှာ ကျွန်တော်စားပွဲနဲ့ကပ်ရပ် ထိုင်ခုံပေါ် ခြေထောက်နှစ်ချောင်းလုံးတင်ကာ(ဆောင့်ကြောင့်ထိုင်နေသလို) နောက်မှီထိုင်လိုက်သည်။

မတ်မတ်ထိုင်ဖို့တောင် ကျွန်တော့်မှာအားအင်မရှိ။

"နိုးလာပြီပေါ့ ဆရာသမား"

ကိုငယ်က ကျွန်တော့်ကိုကြည့်ကာ ခေါင်းတစ်ခါခါနှင့် သူ့ဟာသူဝယ်လာတဲ့ မုန့်ဟင်းခါးစားဖို့လုပ်သည်။

မုန့်ဟင်းခါးအနံ့ကြောင့် ပိုအန်ချင်လာသည်။ အမှန်တော့ကျွန်တော်လဲ မုန့်ဟင်းခါးကြိုက်တဲ့လူပါပဲ။ ဒီနေ့ကတော့ ဘာအနံ့ရရအန်ချင်မယ့်နေမို့သာ။

မုန့်ဟင်းခါးကို ပန်းကန်ထဲထည့်ကာ ကျွန်တော့်ရှေ့ထိုင်စားနေတာကို ကြောင်တောင်တောင်ရုပ်နဲ့ ကျွန်တော်က သူ့ပန်းကန်ကိုကြည့်မိနေလို့လားမသိ

"ကိုယ့်ပလာတာကိုယ်စားလေ လာမမျှော်နေနဲ့ အီးပန်းမယ် ဒါစားရင်"

ဆိုပြီးပြောလာသည်။ နဂိုထဲက ဘီယာသောက်ရင် ဝမ်းသွားတတ်တော့ ဒါစားရင် တကယ်ပန်းမယ်ဆိုတာ ကျွန်တော်လဲသိပါသည်။

အမှန်က သူ့ကိုကြည့်နေပေမယ့် ကျွန်တော့်ခေါင်းထဲဗလာဖြစ်နေတာ။ ဘာအတွေးမှကိုရှိမနေတာ။

"ဘာပလာတာလဲ ကိုငယ်ဝယ်လာတာလား"

"သကြားပလာတာနေမှာပေါ့ မင်းသူငယ်ချင်းက အဲ့တာပဲဝယ်လာနေကျ ဥစ္စာ"

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now