ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၀)

22 1 0
                                    

ကံကောင်းထောက်မစွာနဲ့ အိမ်ကပဲလုပ်လို့ရမည့် အလုပ်တစ်ခု ကျွန်တော်ရခဲ့သည်။ တရုတ်စာ ကောင်းကောင်းပြောတတ်သူမို့ တီဗီလိုင်းတစ်ခုအတွက် ကျွန်တော် ရုပ်ရှင်တစ်ကားဘာသာပြန်ဖို့အခွင့်အရေးရသည်။ Freelanceဖြစ်ပြီး ၀င် ငွေကောင်းတာကြောင့် ကျွန်တော်မြောက်ကြွ‌မြောက်ကြွဖြစ်နေသည်။

ဘာသာပြန်လုပ်ခြင်းရဲ့ ပထမဆုံးရတဲ့ဒုက္ခကတော့ မျက်မှန်ပါဝါတိုးတပ်ရခြင်းဖြစ်သည်။ ကျွန်တော့်ရဲ့အဝေးမှုန် အနီးကန်းဇာတ်လမ်း‌လေးက ပြန်စချေပြီ။

မျက်မှန်အသစ်သွားလုပ်ဖို့ မှိုင်းကို ဖုန်းဆက်တဲ့အခါ မှိုင်းက သူသင်တန်းတစ်ခုစတက်နေလို့ အချိန်တိုက်နေတယ်ဟုဆိုသည်။ Managementသင်တန်းတစ်ခုခုဖြစ်ကောင်းဖြစ်လိမ့်မည်။ နောက်ပိုင်းကျ သူ့မိသားစုပိုင်လုပ်ငန်းကို သူဦးစီးရမယ်ဆိုတာ ကျွန်တော်သိထားသည်။

မတတ်နိုင်တာမို့ ကျွန်တော်ကိုယ့်ဟာကိုယ် မြို့ထဲသွားမျက်မှန်လုပ်ပြီး ပြန်အလာမှာ အမှတ်မထင် လမ်းမှာ သူ့ကိုတွေ့သည်။

ကားပေါ်မှသူ့ကို ဖြတ်ကနဲတွေ့သည်မို့ ကျွန်တော်လဲလှမ်းခေါ်မနေတော့။

မျက်မှန်အထူနဲ့ကျွန်တော့်ကိုမြင်ရင် သူ ရယ်မလား။

မာန့်ကိုဓာတ်ပုံပြတော့ မာန်ကတော့လိုက်တယ်ပြောတာပဲ။

ကျွန်တော်က ဘာသာပြန်တာမအား သူကသင်တန်းတက်တာမအားနဲ့ လုံးလည်ချာလည်လိုက်ရင်း မတွေ့ရတာကြာလာသည်။ ညဘက် ကားတစ်ပတ်တောင် ထွက်မစီးဖြစ်တော့။

သူ့အကြောင်းတွေးမိရင်းပင် သူ့ဆီက ဗီဒီယိုကောလ် ၀င်လာတာမို့ ကျွန်တော်ချက်ချင်‌း‌ကောက်ကိုင်လိုက်သည်။

"လွန်းးးးးးးးး"

ပင်ပန်းနေတဲ့ရုပ်နဲ့ အသံကိုဆွဲဆိုလိုက်သေးတာ

"ဟားဟား ဘာတုန်း ပင်ပန်းနေပြီလား"

ကုတင်ပေါ်ပက်လက်နဲ့ အကျီကမပါပြန်ဘူး။

"‌အင်းးးး သင်တန်းသွားရတာပျင်းတယ်"

"အမယ် ကိုယ်ပိုင်ကားနဲ့သွားရပြီး ပျင်းနေတယ် ဘတ်စ်ကားသာစီးရရင် မင်းတော့ငိုလို့ကိုဆုံးမယ်မထင်ဘူး"

"ဟားဟား"

ရီရင်း စောင်ကိုဆွဲခြုံလိုက်တာတွေ့ရသည်။

"အကျီ၀တ်ပြီးမှပြန်လာခဲ့ အဲကွန်းဖွင့်ပြီးအကျီကျွတ်နဲ့ ....အအေးပတ်ရင် ငါ့အပြစ်ဖြစ်မယ်"

"မ၀တ်ချင်ဘူးးး ဘောင်းဘီတောင်ချွတ်ထားတာ"

"ကောင်းတယ် အဲ့တိုင်းကိုယ်တုံးလုံးနဲ့နေ screen shotရိုက်ပြီး တင်ပြစ်မယ်"

"အဲ့တာဆို ကိုယ်တော့ ကောင်လေးတွေကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့မှာ"

"ငါ့အပိုင်ဆိုပြီးကို ရေးတင်ပြစ်ဦးမှာ"

သူ့ကိုစကားနိုင်လုချင်ရုံသက်သက် ပိတ်ပြောလိုက်ခြင်းသာဖြစ်ပေမယ့် သဘောတကျ ပြုံးပြီးကြည့်နေ‌တဲ့သူ့ကြောင့် ကျွန်တော်ရှက်ဖိန်းဖိန်းတောင်ဖြစ်သွားသည်။

ဒီလူနဲ့ဒီလူဆက်ဆံရေးမှာ ဘာလို့ရှက်ဖိန်းဖိန်းဖြစ်ရသလဲ။ အဲ့ခံစားချက်ကို ကျွန်တော်သဘောမကျဘူး။

"မျက်မှန်နဲ့လိုက်တယ်"

သူ့ကိုကျွန်တော်ကြည့်လိုက်ရင်း မျက်မှန်ကိုချွတ်ပြစ်လိုက်သည်။

အပိုတွေ။

"မင်းရော ဘာလို့မျက်မှန်မတပ်ရတော့တာလဲ"

"ကိုယ်က မျက်လုံးပါဝါတော်တော်တက်လာလို့ ‌ဟိုမှာတည်းက လေဆာပြစ်ခဲ့တာ"

"အော်"

"ကိုယ်မနက်ဖြန်အားတယ် မုန့်သွားစားရအောင်"

"ငါ အလုပ်ရှိသေးတယ်"

ကမန်းကတန်းကျွန်တော်ပြန်ငြင်းလိုက်သည်။ မျက်ကပ်မှန်သွားဝယ်ပြီးမှ တွေ့ချင်သည်။ မျက်မှန်နဲ့အပြင်ထွက်ပြီး လိုက်စခံရမှာကို မခံစားနိုင်ပါ။

"အာ အင်းပါ အဲ့တာဆို ကိုယ်နောက်နေ့‌တွေအချိန်အားအောင်လုပ်ကြည့်ဦးမယ်"

"ငါလဲအလုပ်များနေတာမို့ တွေ့နိုင်ဦးမယ်မထင်ဘူး...မင်းအေးဆေးစာလုပ်ပါ"

သူက ခေါင်းတငြိမ့်ငြိမ့်နဲ့။

"ဟက်ချိုးးးးးးးး အိုးးးးးကေ တကယ်အကျီ၀တ်မှရတော့မယ် ဘိုင့် ကိုယ်မနက်ဖြန်မှ ဖုန်းဆက်လိုက်မယ်"

"အင်းအင်း ဘိုင့်"

ကျွန်တော် ဖုန်းကောက်ချပြစ်လိုက်သည်။ စာကြည့်စားပွဲမှာထိုင်ရင်းကနေ အိပ်ယာပေါ်ပြစ်လှဲလိုက်သည်။

အတွေးပေါင်းသောင်းခြောက်ထောင်က ခေါင်းထဲ တစ်ဝဲဝဲလည်နေသည်။

.......................

Author's Note,

ချစ်ယူ Reader-Nim .

Black Topic.

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now