သူဖန်တီးသော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း (၂၉)

25 1 0
                                    

အသွားအပြန်မရှိတဲ့ အချစ်ကိုလဲ ကျွန်တော်မြတ်မြတ်နိုးနိုးချစ်တတ်တယ်ဆိုတာကို ကျွန်တော်ပြောပြဖူးသည်မဟုတ်လား။

လူတစ်ယောက်ကိုချစ်မိဖို့က ကျွန်တော့်အတွက် မလွယ်ဘူးဆိုတာထက် အများကြီးခက်တယ်ဆိုတာလဲ သိကြမှာပါ။

ကျွန်တော်က တစ်ဖက်သတ်အချစ်မှာ နေသားကျတဲ့လူတစ်ယောက်အနေနဲ့ အကြာကြီးရှင်သန်လာပြီးမှ လူတစ်ယောက်ကိုပိုင်ဆိုင်ချင်စိတ် ပြန်လည်ပြင်းပြလာခြင်းက ကြောင်တောင်တောင်နိုင်သလို ထိန်းချုပ်ဖို့လဲခက်လှသည်။

မှိုင်းအပေါ် ကျွန်တော့်အချစ်က အရောင်စုံနေသည်။

အတ္တတွေ လောဘတွေ မာနတွေ သိက္ခာတွေ ကျွန်တော့်မှာရှိနေတဲ့အရာရာက သူ့အပေါ်မူတည်သည်။ သူ့အပေါ်မှီခိုသည်။ သူ့အပေါ်မှာဖြစ်တည်သည်။

သို့သော် ဒီတစ်ခါကျွန်တော့်မှာမရှိခြင်းကတော့ "သတ္တိ"ပေါ့။

မှိုင်းက ယောကျ်ားလေးတွေကိုပဲကြိုက်တဲ့ Gay တစ်ယောက်ဆိုတာ ကျွန်တော်သိပြီးသား။

ကျွန်တော်သူ့ကို ဖွင့်ပြောကို ဘာကိုကြောက်နေမိမှန်းစဉ်းစားလို့မရပေ။ သူငြင်းလိုက်မှာကိုလား။ ငယ်ငယ်ကလို ဘာမှမပြောပဲ ထွက်ပြေးသွားမှာကိုလား။ မယုံမှာဆိုးလို့လား။ အထင်လွဲမှာကိုကြောက်တာလား။

တကယ်ပဲဘာကိုကြောက်တာလဲ။

ဒါမှမဟုတ်

ပြသနာက သူ့ကိုမဟုတ်ပဲ ကျွန်တော်ကိုယ်တိုင်ဖြစ်နေမလား။

လူတွေက ကိုယ့်ကိုဘယ်လိုမြင်မလဲ ဆိုတာကိုလားပေါ့။

သူနဲ့အတူတူ အနာဂတ်ကို ဘယ်လောက်အထိတွေးထားပြီးပြီလဲ။

သူ့လက်ကိုဆွဲပြီး ဘယ်အခြေအနေအထိသွားနိုင်ပြီလဲ။

ကြုံလာမယ့်အရာတွေကိုရော ကြိုတွေးထားလား။

ကျွန်တော် အကျီချွတ်ချလိုက်တာ ရေချိုးခန်းထဲပြေးသွားရင်း ရေအေးတွေဖွင့်ချကာ ရေပန်းအောက်ထဲမတ်တပ်ရပ်နေလိုက်သည်။

အတွေးတွေ တစ်ခဏပျောက်သွားရင်း အေးစက်မှုကကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Waar verhalen tot leven komen. Ontdek het nu