နှလုံးသားအလိုသာလိုက်ခဲ့ပါလျှင် (၁)

103 6 0
                                    

ဒေါက် ဒေါက် ဒေါက်

တံခါးဘေးက ဘဲလ်ကိုတီးတာ အားမရတဲ့အဆုံး တံခါးကိုကျယ်ကျယ်လေးခေါက်လိုက်သည်။

သုံးကြိမ်‌လောက်‌ခေါက်လိုက်ချိန်မှာတော့ ခပ်လေးလေးကွန်ဒိုအခန်းတံခါးက ချောက်ကနဲပွင့်လာသည်။

"မဂ်လာပါခင်ဗျ ကျွန်တော် ကိုလွန်းတိမ်လှိုင်းနဲ့ ချိန်းထားတာရှိလို့ လာတွေ့တာပါခင်ဗျ"

တံခါးဖွင့်ပေးသူ အသက်၅၀အရွယ်လောက် အန်တီကို ရိုသေစွာပဲ အလျင်အမြန်စကားဆိုလိုက်တော့

"အော် အေး သား ၀င်‌၀င်"

ကွန်ဒိုလို့ဆိုရလောက်အောင် အိမ်ခန်းကတော်တော်ကျယ်ပုံပေါ်သည်။ ၀င်၀င်ချင်း တွေ့ရတဲ့နက်ဆွေးဆွေး ဆိုဖာပေါ်ထိုင်ချလိုက်ကာ ဆိုဖာတည့်တည့်က ပိတ်ထားသောတီဗွီနှင့် ထိုတီဗွီပေါ်မှ မိသားစုဓာတ်ပုံဆီ အကြည့်ရောက်သွားသည်။

အဖေ အမေ နဲ့ သားသုံးယောက် သမီးတစ်ယောက်ပုံလေး ဖြစ်သည်။ တရုတ်လူမျိုး အဖေ ဖြစ်သူနှင့် မြန်မာလူမျိုး အမေ ဖြစ်သူက မွေးထားသော သားသမီးများမှာ သေချာပေါက် ကပြားရုပ်ထွက်‌သည်။ ထိုင်နေတဲ့မိဘနှစ်ပါးပုခုံးကိုကိုင်‌ထားတဲ့ သားသမီးတွေထဲကမှ ပါးချိုင့်တစ်ဖက်နဲ့သူက အထင်းသားပင်။

ဒီကောင် ငါ့ကိုတွေ့ရင်မှတ်မိပါ့မလားပဲ...

"သား ထိုင်ဦးနော် လွန်းက အစည်းအဝေးတစ်ခုလုပ်နေတာ မပြီးသေးလို့"

ပြောရင်းဆိုရင်း ကော်ဖီခွက်လေးချပေးလာသည်။

"ရတယ်အန်တီ ကျွန်တော် နည်းနည်းစောလာလိုက်တာပါ"

"ဟုတ်ပြီ...လွန်းခဏနေ ထွက်လာလိမ့်မယ်..သား ခဏထိုင်ဦးနော်"

"ဟုတ်ကဲ့ဗျ"

အန်တီက ဓာတ်ပုံထဲကလိုပင် ခပ်လတ်လတ်နဲ့ကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ဦး။ ခပ်ရေးရေးပါးချိုင့်လေး ကြောင့် လွန်းရဲ့ပါးချိုင့်က အမေဖြစ်သူဆီက အမွေရခဲ့လေသလားလို့ပင်ထင်ရသည်။ သားအမိနှစ်ယောက်လုံးက ညာဘက်မှာပဲပါးချိုင့်ရှိတာကြောင့် ပိုအံ့ဩရလေသည်။

နေ့လည်တစ်နာရီမို့ အိမ်မှာ အန်တီနဲ့ လွန်းပဲရှိပုံပေါ်သည်။ မီးဖိုခန်းထဲ လမ်းလျှောက်နေသည့် အန်တီ့ခြေသံမှတစ်ပါး ဘာသံမှမကြားရပါ။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now