ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၆)

15 1 0
                                    

"မာမား သားတို့အမျိုးထဲမှာ ဂေးရှိလား"

မာမား ဟင်းချက်နေတဲ့ဘေးမှာ ကျွန်တော် ခုံတစ်လုံးယူထိုင်ရင်း မလုပ်ဖြစ်တာကြာတဲ့ Mommy and Baby's time ဖန်တီးဖြစ်သည်။

"မရှိဘူး ဘာလို့လဲ မင်းဂေးနေလို့လား"

"ဟာ...မာမားကလဲ အားကြီးနဲ့"

မာမားက ကျွန်တော့်ကိုစပြီး တခွိခွိနှင့်ရယ်သည်။

ကျွန်တော်တို့ မောင်နှမလေးယောက်မှာ မာမားက ကျွန်တော်နဲ့ ကွစိကွစ ပြောဖြစ်တာအများဆုံးဖြစ်သည်။ ကျွန်တော်အလုပ်စလုပ်တဲ့အချိန်ကြမှ အဲ့လိုစကားပြောဖို့အချိန်နည်းသွားတာ။

ရှဲကနဲ ကြက်သားတုံးလေးတွေလှိမ့်ရင်း မာမားက

"ဘာလို့မေးတာတုန်း"

ဆိုပြီးပြုံးပြီးပြောလာသည်။

"အကယ်၍ သားက ကွက်ပြီးဂေးသွားရင်ရော"

"ဂေးပေါ့"

ဆိုပြီး ထပ်ရယ်ပြန်သည်။

"မာမားးးး... တကယ်ပြောတာ"

"သေချာစဉ်းစားပါဦး လွန်းတိမ်လှိုင်းရယ်..... ကျုပ်အထင်တော့ ရှင်က နှစ်လမ်းသွားပဲနေမှာပါ"

"ဟားးး"

ဒီတစ်ခါတော့ အော်ရယ်ရသူက ကျွန်တော်ပင်။

သူ့ဗိုက်ထဲက ထွက်တာဆိုတော့လဲ သူမသိတာ ဘာရှိလိမ့်မလဲနော်။

"သေချာရဲ့လား မသေချာပဲ သူများသားသမီးကို သွားပြီးဒုက္ခမပေးနဲ့နော်"

"ဒီအမေနဲ့ကတော့ ခက်ပါပြီ... ဒီမှာ မာမားသားက ဟိုကားတိုက်နေတာကြီးကို သူများသားသမီးကိုကျော်ပြီး စိတ်ပူနေတယ်"

"ရည်းစားဆိုတာ ယူမယ့်လူပဲထားတာ ကောင်းတယ် သားရဲ့ .. မဟုတ်ရင် နှစ်ယောက်လုံးအချိန်ကုန်တယ် လူပင်ပန်းတယ်"

"သိပါတယ်ဗျာ ယူဖို့ဆုံးဖြတ်ပြီးတွဲကြတာကြီးပါပဲ ဒါပေမယ့် လူနှစ်ယောက် တစ်စိတ်ထဲဖြစ်ဖို့က မလွယ်ဘူးလေဗျာ"

ကျွန်တော် ခေါင်းငိုက်စိုက်ချရင်း ကြမ်းပြင်ကို ခြေဗလာနဲ့ ခပ်ဖွဖွကန်နေမိသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now