ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၃)

17 1 0
                                    

"လွန်း ကောင်မလေးရပြီလား"

"လွန်း ဟိုးနေ့က သားနဲ့အတူတူတွေ့တဲ့တစ်ယောက်က သားကောင်မလေးလား"

"ဟယ် လွန်း နင်ဘယ်တော့ရည်းစားရမှာလဲ"

လူတွေက ဘယ်တုန်းကစပြီး ကျွန်တော် ရည်းစားရမရ စိတ်၀င်စားသွားကြလဲ ကျွန်တော်မသိ။

ကျွန်တော့်ကိုမြင်ရင် အရင်က ဓာတ်ပုံအတူတင်ဖူးတဲ့ မိန်းကလေးပဲဖြစ်ဖြစ် မုန့်အတူတူသွားစားဖူးတဲ့ မိန်းကလေးပဲဖြစ်ဖြစ် တွေ့တဲ့သူနဲ့ပေးစားတတ်သည်။

မဟုတ်လဲ ဘယ်တော့ ရည်းစားရမှာလဲ ဆိုတာမျိုးပေါ့လေ။

"ချစ်ပြီးရင် ဘာဆက်လုပ်ရမလဲ" လို့ ကျွန်တော်‌မေးတဲ့အခါ ပြန်ဖြေတဲ့လူက ခပ်ရှားရှားရယ်ပါ။

ချစ်တယ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ ဘာမှလုပ်လို့မရတာ လူတိုင်းသိပြီးသားမလား။

အချိန်တွေကြာလာလေ အသက်တွေကြီးလာလေ အတွေးတွေများလာလေနဲ့ ဘယ်သူမှကျွန်တော့်ကိုနားလည်မပေးနိုင်သလို ကျွန်တော့်ကလဲ ဘယ်သူ့ကိုမှ ကောင်းကောင်းနားလည်‌မပေးနိုင်တာက အခုထိ ကျွန်တော်ရည်းစားမရခြင်းရဲ့ အကြောင်းအရင်းဖြစ်လောက်သည်။

တက္ကသိုလ်တက်တုန်းကလဲ ဟိုသင်တန်းတက်ဒီသင်တန်းတက်နဲ့ တွေ့ခဲ့တဲ့လူတွေနဲ့လဲ အဆင်မပြေ ကျောင်းပြီးတော့လဲ အလုပ်ရှာရတာနဲ့ အချိန်ကမရ အလုပ်ရပြန်တော့လဲ အလုပ်ကလူတွေက ပိုင်ရှင်ကိုယ်စီနဲ့။

ဒီခေတ်ကြီးမှာ ရည်းစားမရှိတာ ကျွန်တော်၊ ကျွန်တော်နဲ့ ကျွန်တော်ပဲကျန်သည်။

အပေါင်းအသင်းတွေရဲ့ မဂ်လာပွဲတောင် ရုပ်တည်နဲ့လိုက်တက်ရတဲ့ အသက်အရွယ်က မျက်စိတစ်မှတ်အတွင်းပင်။

အသက်သာကြီးလာတယ် နှလုံးသားကတော့ အရင်အတိုင်းပဲထင်ပ။ ထိမယ်ကြံတာနဲ့ကို ဆက်ကနဲ နာပြတော့တာ။

"လွန်း ??"

အမှိုက်ပြစ်ဖို့သွားရာကနေ အမှိုက်ပုံးနားအရောက်မှာ ထိုအသံကြောင့် အိမ်နားက ချောင်းလေးအပေါ်က တံတားလေးပေါ်မှာ ကျွန်တော့်‌ခြေလှမ်း‌တွေ ရပ်တန့်သွားသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now