နှလုံးသားအလိုသာလိုက်ခဲ့ပါလျှင် (၂)

46 1 0
                                    

ကျွန်တော့်နာမည် လွန်းတိမ်လှိုင်း ပါ။

ရှုပ်ထွေးနေတဲ့ ခံစားချက်တွေရဲ့ အဆုံးမှာ အရာအားလုံးကို ဖွင့်ချပြဖို့ အားအင်တွေ ကျွန်တော့်မှာရှိလာပြီလို့ ထင်သည်။

ဘယ်အရာက မှားတယ် ဘယ်အရာက မှန်တယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်က ကျွန်တော့်မှာ မရှိဘူးဆိုတာကို လက်ခံထားပါသည်။ အရာရာကို နှလုံးသားထက် ဦးနှောက်ကို အလေးပေးပြီး ဆုံးဖြတ်ခိုင်းခဲ့တဲ့ကျွန်တော်က အမှားတွေအမှန်တွေကျ ဝေခွဲပေးဖို့ကို ကြောက်နေမိသည်။

ပေးနိုင်သမျှပေးပြီး ပြန်လိုချင်တဲ့လောဘဆိုတာ ကျွန်တော့်ဆီမှာမရှိတာကြောင့် အရာရာကိုပေးဆပ်ခြင်းဖြင့်သာ ပြီးဆုံးစေခဲ့သည်။ သေးငယ်တဲ့မုန့်လေးကအစ ကြီးမား‌တဲ့မေတ္တာတွေအဆုံး ‌သူတစ်ပါးကိုပေးဖို့ပဲတွေးကာ နေလာခဲ့သည်။

မိဘတွေ မောင်နှမတွေ မိသားစုကပေးသည့် ၅၂၈ ချစ်မေတ္တာနဲ့ လုံလောက်နေခဲ့တဲ့ ကျွန်တော့်အတွက် လောကကြီးက ၁၅၀၀ အချစ်‌မေတ္တာများကိုပါ ပိုပိုလျှံလျှံပေးခဲ့သည်။

သို့သော် အရာရာတိုင်းက လှပစွာအဆုံးမသတ်ခဲ့ပါ။

မလှပတဲ့အဆုံးသတ်တွေကို လှပအောင် ပြင်ဖို့ ကျွန်တော့်နှလုံးသားကို ဖွင့်ဟပြခဲ့သည်။

ထိုဆုံးဖြတ်ချက်က မှန်သလားမှားသလားဆိုတာကိုတော့ လက်ကျန်ကျွန်တော့်ဘ၀ကအဆုံးအဖြတ်ပေးလိမ့်မည်။

မခေါ်ပဲလာခဲ့တဲ့ ချစ်ခြင်းနှစ်ခုအကြောင်းကို ကျွန်တော်ပြောပြချင်သည်။

ထိုအရာတွေက ရင့်ကျက်တဲ့ကျွန်တော်အဖြစ် ဘ၀တစ်ဆစ်ချိုး ပြောင်းလဲပေးနိုင်တဲ့ အဓိကအကြောင်းအရင်းတွေလားပင်မသိတော့ပါ။

ကိစ္စတွေအကုန်လုံးက ၁၅နှစ်သားအရွယ်က စခဲ့သည်။

...........................

Author's note.

ချစ်ယူ Reader-Nim.

Black Topic.

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'जहाँ कहानियाँ रहती हैं। अभी खोजें