ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၄)

20 1 0
                                    

"လွန်းရေ မောင်လေး... မင်းလိုက်သွားပြီးသာမေးခဲ့လိုက်တော့ အဆင်မပြေရင် အမကို ဖုန်းဆက်လိုက်"

"ဟုတ်"

Job Recruitment Agency မှာကျွန်တော်လုပ်ရတဲ့အလုပ်က ကျွန်တော့်သည်းခံနိုင်စွမ်းကို နေရာပေါင်းစုံကနေ အမျိုးမျိုးစမ်းသပ်သည်။

Client Company တွေကို သူတို့လိုချင်တဲ့ အလုပ်သမားရဖို့ကျွန်တော်တို့ကရှာပေးရပြီး ထိုအလုပ်လာလျှောက်တဲ့ candidatesတွေအတွက် Interview scheduleကို ထို client company တွေကို ဖုန်းဆက်မေးရာ ကျေးဇူးရှင်HRများက ဒီတစ်သက်ဖုန်းကိုင်ဖို့အစီအစဉ်မရှိတာကြောင့် လူကိုယ်တိုင်လိုက်မေးရမည့်အဖြစ်။

အလုပ်လုပ်တာက မြို့ထဲ သူ့တို့companyက မြောက်ဒဂုံအကျော်မှာ....

ကျွန်တော်လဲ စိတ်ကုန်လို့ ပြောမနေတော့ဘူး...

တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် သူတို့ဖုန်းမကိုင်တော့ဘူးဆို လူတိုင်းက လွန်းတိမ်လှိုင်းကိုပဲတသည်။ တက်စီခကိုလဲ မပေးချင်။

"Scheduleကအခုပဲ email နဲ့ပို့ပြီးပြီ မောင်လေး"

အသည်းအသန်သွားပြီး ရောက်သွားရင်လဲ အဲ့လိုရိုက်ချသေးသည်။

ရုံးပြန်ရောက်လို့ အစည်းအဝေး၀င်ရတဲ့အခါ ကျွန်တော်တစ်ယောက်တည်းလုပ်ရတာမဟုတ်တဲ့ Excel sheet တွေကို ကျွန်တော့်ဆီကပဲ သူဌေးကလိုချင်သည်။

"အဲ့ Sheet ဘယ်သူလုပ်တာလဲ"
"နောက်တစ်ခါဆို လွန်းပဲ လုပ်ပေးပါ"

တစ်နေကုန် ဟိုပြေးဒီပြေးမို့ မပြီးတဲ့ရက်များဆို

"မပြီးဘူးလား မနေ့ကတစ်ရက်လုံး ဘာလုပ်နေလဲ"
"နောက်တစ်ခါ အပြင်ထွက်ရမယ့်ဟာကို ရက်ရွှေ့ပြီး ဒီဟာတွေကိုအပြီးအစီးလုပ်ပါ။ မင်းကြိုးစားလုပ်မှ သူများထက်ရှေ့ရောက်မှာမို့လား။ ဆင်ခြေတွေက လူတစ်ယောက်ကိုမတိုးတက်စေဘူး"

Foreigner သူဌေး ဖြစ်တာမို့ ဗိုလ်လို အဆဲခံရသေးသည်။ ဟိုပြေးဒီပြေး ပြေးခိုင်းသော အခန်းထဲကအခြားပုဂ္ဂိုလ်များက အသံတောင်မထွက်။

အပြင်လဲထွက် ကိုယ့်အလုပ်ကိုယ်လဲ လုပ်ရတဲ့နေ့တွေဆို အိမ်မှာပါ ကွန်ပြူတာတစ်လုံးနဲ့ ညဉ့်နက်သည်မို့ မှိုင်းမင်းအိမ်ပြောခဲ့သော မျက်တွင်း အဝီစိကျတာကို တွေးမိသေးသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now