ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၁)

19 1 0
                                    

မှိုင်းမင်းအိမ်သည် တကယ့်ဇွတ်တရွတ်သမား။

မအားဘူးလို့ ကျွန်တော်ပိတ်ပြောထား‌တာတောင် ကျွန်တော်မအားပေမယ့် သူအားပါတယ်ဆိုပြီး အိမ်ကိုရောက်ချလာသည်။

ရုတ်တရက်ရောက်ချလာတာကြောင့် ကျွန်တော့်မှာ မရှိတဲ့အလုပ်ကို အရှိလုပ်ပြီး မဟုတ်ကဟုတ်က တွေ့ကရာရုပ်ရှင်ကို ကောက်ဘာသာပြန်နေရသည်။

သူကတော့ ကျွန်တော့်အိပ်ယာပေါ်မှာ အခန့်သား။

"ဇက်ကြောမတက်ဘူးလား"

မျက်မှန်ပုလင်းဖင်နှင့် လပ်တော့ပ်ကို ကျွန်တော်ကုန်းကြည့်နေသောကြောင့် သူမေးလာခြင်းဖြစ်သည်။

"အကျင့်ဖြစ်နေပြီ"

အိပ်ယာကနေ ချက်ချင်းထလာကာ ကျွန်တော်ထိုင်နေတဲ့ခုံကို သူ့ဘက်ဆွဲလှည့်ရင်း ခန္တာကိုယ်ကို အနည်းငယ်ကိုင်းလိုက်ကာ ထိုင်ခုံလက်ရန်းနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ကောက်ကိုင်သည်။ ပြီးလဲပြီးရော ထိုင်ခုံအနှိမ့်အမြင့်ရွှေ့တဲ့ခလုတ်ကို ကောက်နင်းချတာကြောင့် ကျွန်တော်ထိုင်ရက်လေး ဝှိကနဲ အောက်နည်းနည်းကျသွားရသည်။

ငိုက်ကျသွားတဲ့ ကျွန်တော့်ခန္တာကိုယ်ကို ပြုတ်ကျမှာဆိုးလို့ ထိုင်ခုံလက်ရန်းနှစ်ခုကိုသူ့လက်နှစ်ဖက်နဲ့ကိုင်ကာ သူ့ခန္တာကိုယ်နဲ့ ကျွန်တော့်ရှေ့ကို ပိတ်ထားလေသလားတောင် ထင်ရသည်။ လန့်ဖြန့်ပြီး ကျွန်တော့်မျက်နှာချင်းဆိုင်က သူ့လက်မောင်းကို ဆွဲကိုင်လိုက်ရသေးသည်။

"ရပြီ ဒီလောက်ဆို ကုန်းကြည့်စရာမလိုတော့ဘူး"

ကျွန်တော် ဆက်ကနဲ သူ့ကိုမော့ကြည့်ပြစ်ကာ

"ငါ့ဟာငါလုပ်လဲရတာပဲ ပါးစပ်ကပြောပါ့လား"

လန့်သွားတာကြောင့် ရုတ်တရက် ဆူညံသွားတဲ့ နှလုံးခုန်နှုန်းကြောင့် သူ့ကိုအပြစ်ပုံချလိုက်သည်။ ဆက်ကနဲ ဒေါသကထွက်ပြီးနေပြီ။

လူကတစ်မျိုးဖြစ်နေပါတယ်ဆို အနားလာကပ်နေလိုက် မင်း။

"ကြာလို့လေ ကိုယ်ထလုပ်လိုက်တော့ မြန်မြန်ပြီးသွားရောမလား"

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now