မှားယွင်းသောဖြစ်တည်မှု (၆)

36 1 0
                                    

အချစ်မှာ မျက်စိမပါဘူး အချစ်နဲ့တွေ့ရင် ကန်းသွားတတ်တယ် ဆိုတဲ့စကားတွေကသွေးထွက်အောင်မှန်သည်။

စခင်ကတည်းက နှစ်တိုင်းတစ်ရက်မပြတ် မာန်မရှိရင်မနေနိုင်တဲ့ကျွန်တော် မာန်ကျောင်းမတက်ရင် လိုက်မတက်တဲ့ကျွန်တော် အပေါင်းအသင်းမက်ပေမယ့် မာန်ကလွဲရင် တခြားသူတွေနဲ့သိပ်မပေါင်းတတ်တဲ့ကျွန်တော်က ယင်းရောက်လာပြီးကတည်းက မာန့်ကိုအချိန်‌မပေးခဲ့မိတာ။

မာန်ကလဲ ကျွန်တော့်နည်းတူစွာ ကျွန်တော့်ကိုအရမ်းခင်မင်တဲ့ကောင်။

သို့သော် ပယင်းငယ်ဆိုသော အမျိုးသမီးလေးကြောင့် ကျွန်တော်တို့ နောက်ပြန်မလှည့်နိုင်တဲ့ အခြေအနေကိုရောက်မယ်မှန်းသိခဲ့ရင် ကျွန်တော် ပယင်းငယ်ကို သေချာပေါက်လက်လျော့ခဲ့မှာပင်။

ကျွန်တော်ပြောခဲ့သလိုပဲ။ ကျွန်တော်က အချစ်တွေပေးနေရရင်ကိုပျော်နေတဲ့ကောင်မျိုး။ အချစ်တွေပြန်မရလဲဖြစ်တဲ့ကောင်မျိုး။ အဲ့တာကို မာန်ကသိရဲ့သားနဲ့ မာန်ကကျွန်တော့်အပေါ် မပွင့်လင်းခဲ့ဘူး။

"မာန် ငါမင်းကိုမေးစရာရှိတယ်"

"အေး ပြော"

တစ်နေ့ဒီလိုအခြေအနေရောက်လာမှာကို ကျွန်တော်စိုးရိမ်ခဲ့တာ။ အခုတော့ ကျွန်တော်စိုးရိမ်သလို ကွက်တိဖြစ်လာတော့တာပဲ။

ပယင်းငယ်က အရမ်းကိုလည်လွန်းသည်။

ကျွန်တော့်ကို မနာလိုဖြစ်အောင်စွရတာကို သူမကအရမ်းသဘောကျသည်။ သူမအေးလို့ ကျွန်တော့်အနွေးထည်လိုချင်ရင် ကျွန်တော့်ဆီအေးတယ်လို့ လာပြောရမယ့်အစား တခြားယောက်ျားလေးဆီကသွားတောင်းတတ်သည်။ ပြီးရင်အဲ့အနွေးထည်နဲ့ ကျွန်တော့်‌‌ဆီလာကာ

"တွေ့လား သူများတွေက ငါ့ကိုအနွေးထည်ငှားတယ်"

ဆိုကာ ကျွန်တော်အနွေးထည်ကို ချွတ်ပေးပြီး သူမကိုခြုံပေးအောင် အမျိုးစုံပြောတတ်သည်။

ကျွန်တော်ပေးလိုက်လျှင် ကျွန်တော့်အနွေးထည်ကို၀တ်ကာ မုန့်ဈေးတန်းကိုလေးခေါက်လောက်သွားတတ်သေးသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now