ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၉)

19 1 0
                                    

အပေါ့သွား လက်ဆေးပြီး အိမ်သာတံခါးဖွင့်ဖွင့်ခြင်း မှိုင်းမင်းအိမ်နဲ့ ပြစ်တိုက်တော့တာ။

တိုက်မှာပေါ့ အိမ်သာရှေ့တည့်တည့် မတ်တပ်ကြီး။

နှလုံးရောဂါသည်သာဆို ဒီနေရာမှာတင် ဘ၀တစ်ပါးကိုကူးပြောင်းလောက်ပြီ။

သူ့မျက်နှာကတော့ ခပ်တည်တည်ပင်။

"မှိုင်းမင်းအိမ်!!!! အိမ်သာရှေ့တည့်တည့်ရပ်ပြီး ဘာလုပ်နေတာလဲ!!! မွှေးလို့လား!!!ဟန်!!! လန့်ပြီးသေတော့မှာပဲ!!ရောက်နေရင်လဲ အသံလေးဘာလေးပေးပါ့လား ဘယ်လိုကောင်လဲ!!!!"

လန့်ဖြန့်ပြီး ကျွန်တော်လဲသူ့ရင်ဘက်ကို ဘုန်းကနဲ ရိုက်လိုက်ရင်း ‌အော်ချင်ရာအော်တော့သည်။

မျက်ခွက်ကြီးပါ ပြစ်ထိုးမိတော့မလို့။

သူကဘယ်လိုလုပ်ရောက်လာရတာလဲ။ ဘယ်နှုန်းနဲ့ ဘယ်နားကမောင်းလို့ ငါးမိနစ်အတွင်းရောက်လာရတာလဲ။ စူပါမန်းများလား။

ဘောင်းဘီကြိုးမချည်ရ‌သေးတာကြောင့် ကြိုးချည်မလို့ လက်ကဘောင်းဘီကိုင်တုန်းရှိသေး လက်ကိုဆောင့်ဆွဲပြီး သူ့နောက်က ဆင့်ထားတဲ့ခုံတွေပေါ် ကျွန်တော့်ကို ပြစ်တင်လိုက်ပြန်သည်။

ခါးကနေ ကိုင်ပြီး မလိုက်သည်မို့ ခါးပေါ်ကသူ့လက်နေရာက ကျင်တက်သွားရသည်။ သေအောင်နာတာပဲ။

ထပ်ထားတဲ့ခုံတွေပေါ်ထိုင်နေတဲ့ကျွန်တော့်ခေါင်းက မတ်တပ်ရပ်နေတဲ့ သူ့ခေါင်းထက် ခေါင်းတစ်လုံးသာနေသည်။

နဂိုကတည်းက မူးနေပါတယ်ဆို ဆွဲလှည့်ခြင်းဆွဲမခြင်းခံရအပြီးမှာ ကျွန်တော့်အန်ချင်စိတ်က အထွဋ်အထိတ်ရောက်လာပြီး သူ့ကိုဘာတစ်ခွန်းမှပြန်မပြောနိုင်ပါ။ ကိုယ့်ပါးစပ်ကိုယ် လက်နှစ်ဖက်နဲ့ပိတ်ထားရသည်။ လန့်သွားတာကြောင့်လဲ ပါနိုင်သည်။

သူကလဲ ဘာမှမပြောပဲ ကျွန်တော်ထိုင်နေတဲ့ခုံပေါ် ကျွန်တော့်ခြေထောက်နှစ်ဖက်ဘေး သူ့လက်နှစ်ဖက် တစ်ဖက်ဆီထောက်လိုက်ကာ ကျွန်တော့်ကိုမော့ကြည့်နေသည်။

စိတ်‌အဆိုးလွန်ပြီး ရူးသွားတာများလား။

သူ့ကို ကြောင်အပြီးကြည့်နေတဲ့ ကျွန်တော့်ကိုကြည့်ရင်း ဟင်းကနဲ သက်ပျင်းချကာ ကျွန်တော့်ဘောင်းဘီကြိုးကို လာချည်ပေးနေတော့သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now