Episode -2

961 27 0
                                    

Flashback

1933 ခုနှစ်

ရှောင်ကျန့်သည်အခုဘွဲလွန်တတ်နေသည်ပထမနှစ်ပေါ့။အားကျန့်ကပညာရေးမှာတော်တော့ဘွဲလွန်တတ်တာပေါ့။ဘွဲလွန်ပထမနှစ်ရှောင်ကျန့်ရဲ့တက္ကသိုလ်သူငယ်ချင်းတစ်ယောက်ကအစိုးရုံးတစ်ခုမှာဝန်ထမ်းလုပ်နေတာ။

သူ့နာမည်ကကျန်းချီတဲ့။သူကရှောင်ကျန်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်။ရှောင်ကျန့်ကပေးကျင်းတက္ကသိုလ်မှာဘွဲ့လွန်တတ်နေသလိုကျန်းချီကလည်းပေကျင်းအစိုးရဌာနမှာလခစားဝန်ထမ်းလုပ်နေတယ်။

ရှောင်ကျန့်ကတက္ကသိုလ်ပိတ်ရပ်မှာကျန်းချီအလုပ်လုပ်တဲ့ဌာနကိုအလည်သွားတယ်။

ဘယ်သူကသိမှာလည်းမောင်နဲ့တွေ့ဖို့စတင်ခဲ့တယ်ဆိုတာကိုလေ။

ရှောင်ကျန့် ကျန်းချီကိုဌာနတွင်းမှာရှာနေတုန်းလူတစ်ယောက်နဲ့တိုက်မိတယ်။

မောင်ရယ်ဘာဖြစ်လို့ကျန့်ကျန့်ကိုစွဲလန်းစေခဲတာလဲကွာ။

တိုက်မိတဲ့ရင်ခွင်ကျယ်ကြီးကရင်ခုန်ဖို့ကောင်းလွန်းတယ်။တိုက်မိလို့လဲကျသွားတဲ့လူကိုမထူပဲကျစ်တစ်ချက်ဆုတ်ကာထွက်သွားတဲ့မောင့်ကိုကျန့်ကျန့်စိတ်တိုမိပေမဲ့မောင့်ကိုခွင့်လွတ်နေမိတယ်။

မောင့်ကိုငေးနေတုန်းကျန်းချီကရောက်လာခဲ့တယ်။

"ကျန့်ကျန့် .......ရှောင်ကျန့်............"အားကုန်သုံးခေါ်မှထူးလာတဲ့ကျွန်တော့်သူငယ်ချင်းကဘာတွေအဲ့လောက်ငေးနေတာလဲကျွန်တော်မသိပါ။

ရုတ်တရက်မေးလာတဲ့သူ့မေးခွန်းက
"စောနကကောင်လေးကဘယ်သူတုန်းတဲ့လေ"ကျွန်တော်လည်းသူလက်ညိုးထိုးပြတဲ့ဆီကိုလှမ်းကြည့်တော့ကျွန်တော့တို့ဌာနရဲ့ခေါင်းဆောင်မြို့စားမင်းဝမ်းရိပေါ်ပါ။

ကျွန်တော်က"အဲ့ဒါမြို့စားမင်းဝမ်လေ။နာမည်အပြည့်အဆုံကဝမ်းရိပေါ်လေအရမ်းလည်းတော်တာငါတို့ထက်၂နှစ်ငယ်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့မြို့စားမင်းဖြစ်နေတာလေ။နိုင်ငံခြားကနေဘွဲ့ရထားတာ။အရမ်းလည်းချမ်းသာကြတာ။"

ကျွန်တော်ကျန်းချီရဲ့စကားတွေထဲမှာဝမ်းရိပေါ်ဆိုတဲ့နာမည်လေးကိုပဲတဖွဖွရွတ်ဆိုနေမိတယ်။မောင့်ကိုဝမ်းရိပေါ်ဆိုတဲ့နာမည်ထက်မောင်ဆိုတဲ့နာမ်စားကိုပဲခေါ်ပရစေမောင်။

နောက်ပိုင်းအတန်းဆင်းချိန်အတန်းမရှိချိန်ဆိုမောင်ရှိတဲ့ဌာနကိုသူငယ်ချင်းကိုအကြောင်းပြပြီးအမြတြမ်းသွားသွားလည်ခဲ့တယ်။ဒါပေမဲ့မောင်ကငါ့ကိုသတိမထားမိပါဘူး။ရပါတယ်မောင်ရယ်မောင့်ကိုပဲဒီလိုဒီလိုကြည့်နေခွင့်ပေးပါ။တစ်နေ့မောင်ကျန့်ကျန့်ကိုဖွင့်ပြောခဲ့တယ်။ကျန်ကျန့်အရမ်းဝမ်းသာခဲ့တယ်မောင်ကျန့်ကျမ့်ကိုအရမ်းချစ်တယ်တဲ့လေ။အဲ့နေ့ကကျန့်ကျန့်အပျော်ဆုံးနေ့ပါပဲ။မောင်နဲ့ချစ်သူသက်တန်း၁ နှစ်အကြာကျန့်ကျန့်မွေးနေ့မို့အိမ်ကိုတောင်မပြန်ပဲမောင််ရှိတဲ့ဌာနကိုလာခဲ့ပေမဲ့မောင်ကခရီထွက်သွားတယ်တဲ့လေ။

အဲ့နေကစပြီးမောင့်ရှိတဲ့ဌာနကိုသွားတိုင်းမောင့်ကိုမတွေ့ခဲ့ဘူး။
စာမေးပွဲလဲနီးလာပြီးဆိုတော့မောင့်ကိုမတွေ့ဖြစ်တော့ဘူး။

ဘွဲ့လွန်စာမေးပွဲပြိးတော့အိမ်းကိုပြန်ရတော့မှာမို့မောင့်ကိုနောက်ဆုံးတစ်ခေါက်တွေ့ခြင်မိလို့မောင်ရှိတဲ့ဌာနကိုသွားခဲ့ပေမဲ့မောင်ကခွင့်ယူသွားတယ်တဲ့။နောက်ဆုံးမောင့်ကိုမတွေ့ရပဲပါပါမာမာတို့ရှိတဲ့ယွဲ့အန်းကိုပြန်လာခဲ့ရတယ်။

Flashback End

မောင်ရယ်မတွေ့ရတာကြာလို့
မောင့်ကိုပိုလွမ်းမိပါတယ်။

ရှောင်ကျန့်တစ်ယောက်ထဲအတွေးနယ်ချဲ့နေစဉ်ခြံရှေ့မှာကားဟွန်းတီးသံကြားလိုက်ရတယ်။

"တီးးးးးးးးးးတီးးးးးးးးတီးးးးးးး"

ရှောင်ကျန့်လည်းအတွေးတွေကိုရပ်ပြီးခြံရှေ့မှာရှိတဲ့ကားဆီကိုသွားခဲ့တယ်။

ခြံတံခါးကိုဖွင့်လိုက်တဲ့အချိန်ဂျစ်ကားလေးပေါ်မှလူကမောင်နဲ့တူလိုက်တာ။အိုမဟုတ်တော့ပါဘူးမောင့်ကိုလွမ်းလွန်းလို့မောင့်ကိုနေရာတိုင်းမှာမြင်ယောင်နေပြီးအိုမောင်ရယ်ကျန့်ကျန့်စိတ်ကိုသိပ်စိုးမိုးလွန်းပါတယ်။

ကျွန်တော့ကိုတံခါးဖွင့်ပေးပြီးကြောင်ကြည့်နေတဲ့ဖြူဖြူဖွေးဖွေးကောင်လေးကိုပိတ်ဟောက်လိုက်တယ်။ကျွန်တော်အသံကိယ်ကျယ်ပြောမိတော့လန့်သွားတယ်ထင်ပါ့ကိုယ်လေးကတုန်တတ်သွားရှာတယ်။

ကားပေါ်မှလူရဲ့ပြောသံကြောင့်သတိဝင်လာမှဒါကမြင်ယောင်နေတာမဟုတ်ဘူးမောင်မှမောင်အစစ်ပဲ။

အလျင်အမြန်ပဲတံခါးကိုဆွဲဖွင့်ပြီးမောင့်ကိုဝင်ခိုင်လိုက်တယ်။မောင့်ရဲ့ဂျစ်ကားလေးကအိမ်ရှေ့ဆင်ဝင်အောက်ကိုမောင်းဝင်သွားတယ်။

နောက်ပိုင်းကတော့အငိုခန်းတွေလာတော့မှာပါ။😊

Silent Love (complete) Where stories live. Discover now