Extra

459 8 0
                                    

ရှောင်ဖိန်ဖိန်.....

ရှောင်ဖိန်ဖိန်ဟာရှောင်အိမ်တေည်ရဲ့အငယ်ဆုံးသမီးလေးပေါ့။အချစ်ခံအလိုလိုက်ခံအထက်တန်းစားသခင်မလေးတစ်ဦး။

ဒါပေမဲ့မထင်မှတ်ထညးစွာထိုကောင်မလေးကရှောင်အိမ်တော်ရဲ့သမီးအရင်မဟုတ်ခဲ့ဘူး။ရှောင်ကျန့်အသက်၆နှစ်မိသားစုလိုက်ခရီးထွက်ပြီးအပြန် ကားလမ်းမဘေးနားတွင်အနှီးထုပ်လေးနှင့်ထုတ်ခံထားရသောကလေးလေး။အသက်၁နှစ်တောင်မပြည့်သေးဘဲလသားအရွယ်ကလေးလေးကိုနှင်းများကျနေတဲ့ညအချိန်မှာအကြင်နာမဲ့စွာစွန့်ပစ်ထားတယ်။

ရှောင်သခင်ကြီးတို့မိသားစုကားလေးဟာကလေးငိုသံကြားသောကြောင့်ကားရပ်ပြီးကားတံခါးဖွင့်၍ဘေးပတ်ဝန်းကျင်းကိုစူစမ်းလေးသည်။လှပသောချယ်ရီပင်အောက်တွင်ကလေးလေးငိုသံ၏မြစ်ဖျားလာရာဖြစ်သည်ကိုတွေ့ရှိပြီးနောက်ထိုနေရာသိုသွားခဲ့ကြသည်။

ရှောင်လင်မယားသည် ကလေးလေးကိုတွေ့ပြီးနော် အရမ်းကိုချစ်မိသွားကြသည်။

လှပသောအညိုရောင်မျက်ဝန်းဝိုင်းကြီးများကသူတို့လင်မယားနှစ်ယောက်ကိုစိုက်ကြည့်နေပြီးနှုတ်ခမ်းထက်မှလည်း
"ခစ်...ခစ်.. ခစ်"ဟူ၍ရယ်သံများထွက်လာလေသည်။

ရှောင်သခက်မကြီးသည် ထိုကလေးလေးကိုကောက်ယူ၍ချီလိုက်ပြီး

"သခင်ကြီးရေကြည့်ပါအုံးတော်ကလေးလေးကချစ်စရာကြီးဝတုတ်ပြီးဖွေးစွတ်နေတာချစ်ဖို့ကောင်းလိုက်တာတော်"

"အေးဟုတ်တယ် မိန်းမရေ"

"သခင်ကြီးဒီကလေးလေးကမိန်းကလေးတော့"

"ဟေ...ဟုတ်လား"

"ဟုတ်တယ်။သခင်ကြီးကျွန်မတို့ဒီကလေးဆလးကိုမွေးစားရအောင်လေ။သားလေးကျန့်ကျန့်အတွက်လည်း အဖော်ရတာပေါ့။ပြီးတော့ကျွန်မလည်းနောက်ထပ်ကလေးမှထပ်မမွေးပေးနိုင်တာ။"

ရှောင်သခင်မကြီးသည်စကားများကိုတက်ကြွစွာပြောပြီးနောက်ဆုံးစကားတွင်လေသံဖျော့တော့သွားလေသည်။

ရှောင်သခင်ကြီးသည်သူ၏ဇနီးလေးကိုနှသ်သိမ့်၍ထိုကလေးလေးကိုမွေးစားဖို့သဘောတူလိုက်သည်။ထိုကလေးလေးနာမည်ကိုရှောက်ဖိန်ဖိန်ဟုမှည့်ခဲ့ငည်ါ

Silent Love (complete) Where stories live. Discover now