ရှောင်ကျန့်တို့မနက်စာစားပြီးတော့ဝမ်းရိပေါ်တစ်ယောက် ရုံးကအရေးကြီးအမှုကိစ္စရှိလို့ဆိုလို့ ရုံးကိုမြန်မြန်သွားရပြန်တယ်။
ရှောင်ကျန့်လည်းသူ့ကလေးလေးတွေနဲ့ နေ့လည်းခင်းကိုအိပ်ရင်းနဲ့ဖြတ်သန်းလိုက်ကြတယ်။
ညနေ ၄နာရီလောက်ကားတစ်စီးလာရပ်တာကြောင့် မောင်ပြန်လာပြီအထင်နဲ့အိမ်ရှေ့ကိုပြေထွက်လိုက်ပေမဲ့ မိန်မပျိုလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တရုပ်ရိုးရာဝတ်စုံ အနီရောင်လေး
ကိုမှ ပေါင်ရင်းအထိခွဲထားတယ်။ကျစ်လစ်ပြီးသွယ်လျတဲ့ပေါင်တံဖွေးဖွေးကိုအထင်းသားမြင်နေရတယ်။ဒါပေမဲ့ထိုမိန်းကလေးကသူ့လောက်တော့မလှဘူးပေါ့။(ကျန့်ကောကလိပ်မျိုးပါ။)သူလည်းထိုမိန်းကလေးအနားသွားပြီးမေးလိုက်တယ်။
"ဟို.....ဘယ်...ဘယ်သူနဲ့တွေ့ချင်လို့လဲဟင်"
"မင်းကရောဘယ်သူလဲတို့က ကိုကို နဲ့တွေ့ရအောင်လာခဲ့တာ"
"ဟမ်...ကို...ကိုကို.....ဘယ်သူ့ရိုပြောတာလဲမသိဘူး မိန်းကလေး"
"ဪ မင်းကဒီအိမ်ကအလုပ်သမားအသစ်ထင်းတယ်။ကိုကို ကဒီမြို့ရဲ့မြို့အုပ်မင်းဝမ်းရိပေါ်ကိုပြောတာ။ပြီးတော့တို့နာမည်ကိုလည်းမှတ်ထားပေါ့ နောင်တစ်ချိန် ဒီ ဝမ်းစံအိမ်ကြီးရဲ့သခင်မဖြစ်လာမဲ့သူ ချန်းယန်လီ။အခုတော့ကိုကို့ကိုခေါ်ပေအုံးနော်။"
ရှောင်ကျန့်တစ်ယောက်ထိုမိန်ကလေးပြောလိုက်တဲ့စကားတွေကိုတစ်ခွန်းမှသူနားမလည်လိုက်ဘူး။မောင်ပြောတော့ သူ့ဘဝမှာ ငါနဲ့သားလေးပဲရှိတာပါဆို အခုရောက်လာတဲ့ဒီမိန်းကလေးကဘယ်သူလဲ။မောင် ဘာတွေဖြစ်နေတာလဲငါဘာတစ်ခုမှလိုက်မမှီတော့ဘူးမောင်
"မော.....မြို့အုပ်မင်းဝမ်း ကအိမ်မှာမရှိဘူးမိန်ကလေးချန်း"
"ရပါတယ် တို့အိမ်ထဲကနေပဲကိုကိုပြန်လာတဲ့အထိသောင့်နေလိုက်မယ်။"
ငါပြောချင်တာ ပြောပြီအိမ်ထဲကိုရင်ကိုကော့ကာဝင်သွားတဲ့မိန်းကလေးကိုရှောင်ကျန့်မျက်လုံးပြူးပြီးသာကြည့်နေလိုက်တယ်။ညနေစောင်းလို့ နေတောင်ဝင်တော့မယ် ယောကျာ်းလေးတစ်ယောက်တည်းရှိတဲ့အိမ်ကိုလာတယ်ဆိုထဲကဒီမိန်းကလေးကတော်တော်ရဲတင်းတာပဲ။
![](https://img.wattpad.com/cover/307082230-288-k661935.jpg)
YOU ARE READING
Silent Love (complete)
Fanfictionအချစ်ကငါ့ကိုနာကျင်စေတယ်မောင်။မောင်ဆိုတဲ့နာမ်စားကိုအရမ်းစွဲလမ်းမိတယ်။အရမ်းချစ်တယ်မောင်။ချစ်လွန်းလို့မောင့်ကိုခွင့်လွှတ်ပါတယ်။