Episode -6

597 22 0
                                    

ရှောင်ကျန့်သည်သး၏အခန်းရှိရာစီသို့အပြေးလေးတတ်လာခဲ့သည်။မျက်နှာထပ်ကမျက်ရည်များစွာကျလျက်ပေါ့။အခန်းထဲအရောက်တွင်တံခါးက်ုလော့ချ၍ငိုနေမိသည်။မောင်ရယ်ကျန့်ကျန့်မောင့်ကိုသိပ်ချစ်လွန်းလို့ငိုခွင့်လေးပေးပါနော်။မောင်ကငါမဟုတ်တဲ့တစ်ခြားလူနဲ့အတူရှိနေတာကိုမခံစားနိုင်လို့ပါမောင်။

ညနေခင်ထမင်းစားချိန်သည်အရင်ကထက်ပျု၍တိတ်ဆိတ်နေပါသည်။ပါပါဆီကမောင့်အကြောင်းကိုအကြောင်းစုံပြန်သိရပါသည်။မောင့်အတိတ်မေ့နေခဲ့တာကြာပြီတဲ့။ပါပါကပြောပါတယ်သူအခုသက်သာလာပါပြီတဲ့။ပါပါရယ်သူကကျန်တာအကုန်မှတ်မိပေမဲ့ကျန့်ကျန့်ဆိုတဲ့ဒီလူသားလေးကိုသူမေ့နေခဲ့တယ်ပါပါ။သားသိပ်နာကျင်ရပါတယ်။

တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းလေးကိုဖြိုခွဲတဲ့လူကတော့မောင်ကိုယ်တိုင်ပါပင်။မောင်ပြောလိုက်တဲ့စကားကြောင့်ကျန့်ကျန့်ရင်တွေအစိတ်စိတ်အမွှာမွှာကွဲရပါတယ်မောင်။

မောင်ကညီမလေးဖိန့်ဖိန့်နဲ့မကြာခင်စေ့စပ်တော့မယ်တဲလေ။မောင့်မိဘတွေကလည်းနောက်တစ်ပတ်နေရင်ဒီကိုရောက်လာတော့မယ်တဲ့။မောင့်စကားကြောင့်အားလုံအံဩသွားကြပါတယ်ညီမလေးကအပျော်လွန်၍မျက်ရည်များပင်ကျပါတယ်။ကျွန်တော်လည်းထပ်တူမျက်ရည်ကျရပါတယ်ပျော်လွန်းလို့မဝုတ်ပါဝမ်းနည်းမှုများကြောင့်ပါ။

နောက်သိလိုက်ရတာကမောင့်ကဒီမြို့ကိုမြို့အုပ်မင်းအဖြစ်ပြောင်းလာခဲ့တာတဲ့လေ။မောင်သူနေစရာမရှာရသေးခင်ထိကျန့်ကျန့်တိူ့အိမ်မှာနေရမယ်လို့ပါပါကပြောလာတယ်။ကျန့်ကျန့်ပျော်မိပါတယ်မောင်နဲ့တစ်မိုးအောက်ထဲနေရမှာမလို့လေ။

ဘယ်သူတွေကသိမှာလည်းသူတို့နှစ်ယောက်ရှေ့ဆက်ကြုံတွေ့ရမှာကပျော်ရွှင်မှုမရှိတဲ့ဘဝကိုလေ။

>>>>>

မောင်ရောက်ပြီးနှစ်ရက်အကြာမှာမာမာအမေဘွားဘွားကနေမကောင်းလို့ပါပါနဲ့မာမာကရှန်ဟိုင်းကိုဒီနေ့မနက်သွားကြတယ်။တစ်ပတ်လောက်ကြာမယ်လို့ပြောကြတယ်။ပါပါတို့သွားပြီးမကြာပါဘူးညီမလေးကလည်းသူ့သူငယ်ချင်းတွေနဲ့ဟွာနောင်းကျွန်းကိုအလည်အပတ်သွားချင်တယ်ဆိုပြီးတစ်ပတ်လောက်ခရီးထွက်သွားတယ်။

Silent Love (complete) Where stories live. Discover now