Episode - 17

568 18 2
                                    

တစ်လကြာပြီးနောက် ကျန်းကောလည်း သမီးလေး ဝမ်းရှောင်လန်းနေမကောင်းလို့ ယွဲ့အန်းမြို့ပေါ်ကိုတတ်လာခဲ့ကြတယ်။ကျန်းယောင်တာဝန်ထမ်းဆောင်နေတဲ့ချင်းယုံဆေးရုံကိုလာပြလိုက်တယ်။သူ့ သူငယ်ချင်းကျန်းယောင်က သူ့ရဲ့မိတ်ဆွေ ကလေးအထူးကုရွှိမုယန်ဆီမှာ ပြဖို့ ချိန်းဆိုပေးထားတယ်။ရှောင်ကျန့်လည်း ဒေါက်တာ ရွှိမုယန်းဆီမှာ ပြပြီးသူ့ရဲ့ သားရိကျန့်နဲ့ သမီးလေးရှောင်လန်းကိုခေါ်ပြီး ဆေးရုံကြီးထဲကနေထွက်လာခဲ့တယ်။ပြီးတော့ယွဲ့အန်းမြို့ကိုလည်ပတ်ပြီး သူတို့နေတဲ့ ကျီးမုမြို့ကိုပြန်သွားကြတယ်။

...........

ဝမ်းရိပေါ်လည်းသူမရောက်တာကြာပြီဖြစ်တဲ့သူ့ သူငယ်ချင်း လန်းမု ဆီးကိုထွက်လာလိုက်တယ်။ချင်းယုံဆေးရုံကိုရောက်တော့သူလည်းသူ့ သူငယ်ချင်းရှိရာအ​ဆေင်ဘက်ကိုလျှောက်လာလိုက်တယ်။ထိုအချိန်သူမထင်မှတ်ထားတာကိုတွေ့လိုက်ရတယ်။

သူ ကျန့်ကောကိုတွေ့လိုက်ရတယ်။ကျန့်ကောကသူတစ်ယောက်တည်းမဟုတ်ဘူး။သူ့ရဲ့ဘေးမှာကလေးနှစ်ယောက်လည်းပါတယ်။ကြည့်ရတာအဲ့ဒီကလေးနှစ်ယောက်က သူ့ရဲ့ကလေးတွေထင်တယ်။ဝမ်းရိပ​ေညေ်းသူ့ သူငယ်ချင်းဆီကိုမသွားတော့ပဲ။သူ့ရဲ့ကျန့်ကောနောက့်ကို နောက်ယောင်ခံလိုက်ခဲ့တယ်။ကျန့်ကောတို့ကဒီမြို့ကထွက်သွားပြီဆိုမှသူလည်းအိမ်ပြန်လာခဲ့တယ်။သူအိမ်ရောက်တော့သူ့ရဲ့သူငယ်ချင်း ဝန်နင်းကသူ့ကိုစောင့်နေတယ်။

သူလည်းဧည့်ခန်းကခုံမှာဝင်ထိုင်ပြီး မေးလိုက်တယ်။

"ဝေ့ စုံထောင်ဝန်နင်း ဘာအကြောင်းကိစ္စရှိလို့ အိမ်ကိုရောက်လာရတာလဲဗျ"

"မြို့အုပ်မင်း ဝမ်ရိပေါ်ကို ရုံးမှာသွားရှာတာမတွေ့လို့ အိမ်ကိုလာရှာတာဗျ။အိမ်မှာလည်းမတွေ့တော့ထိုင်စောင့်နေလိုက်တာဗျ"

"ဟုတ်ပါပြီဗျာ.....ဘာအကြောင်းကိစ္စရှိလို့လာတာလည်းဗျ"

"ဪ ဟုတ်သားပဲ စကားကောင်းနေတာနဲ့ လာရင်းကိစ္စကိုမေ့သွားတယ်။ဟားးးဟားးးး"

"ဟုတ်ပါ့ဗျာ......ကဲ ပြောစမ်းပါဦးလာရင်းကိစ္စကို....."

"အေးဒီလို့ ဗျ.......မြို့အုပ်မင်းရဲ့ ခင်ပွန်းလေးရဲ့ သူငယ်ချင်းကကျီမုဆိုတဲ့မြို့လေးမှာ စံအိမ်တစ်ခုပိုင်တယ်တဲ့။ကျွန်တော်အထင် မြို့အုပ်မင်းရဲ့ခင်ပွန်းလေး က အဲ့စံအိမ်မှာ နေ နေလောက်တယ်။"

"အင်း.ကျွန်တော်လည်း မနက်လေးကမှ ကျန့်ကောကိုပြန်တွေ့တယ်။ကောက တစ်ယောက်တည်းမဟုတ်တော့ဘူးဗျ"

"ဘာလည်းသူ့မှာ သက်ဆိုင်သူရှိနေလို့လားဗျ"

"ဟာ....ပေါက်ပေါက်ရှာရှာ လွဲပါစေဖယ်ပါစေ......သူ့ဘေးမှာ ကလေးလေး နှစ်ယောက်နဲ့ကြည့်ရတာ ကျွန်တော်နဲ့သူ့ရဲ့ကလေးလေးတွေထင်တယ်။"

"ဪ ဟုတ်လား"

"အင်း....ဟုတ်တယ်။ကျွန်တော်လည်း သူတို့နောက်ကိုလိုက်ကြည့်တာ သူတို့သုံးယောက်ကမြို့ကိုလည်ပတ်ပြီးနောက် အဝေးပြေးကားတစ်စီးနဲ့ မြို့ထဲကထွက်သွားတယ်လေ။အဲ့ဒါ ကိုကျွန်တော်က စုံထောင်ဝန်နင်း ကိုစုံစမ်းခိုသ်းမလို့လေ။"

"အင်း ကျွန်တော်စုံစမ်းပေးပါ့မယ်။"

"ဟုတ်ပါပြီ"

"ကဲ ဒါဆိုလာရင်ကိစ္စပြီးပြီဆိုတော့ကျွန်တော်လည်းပြန်တော့မယ်ဗျ"

"ဟုတ်ပါပြီဗျာ ။နောက်မှတွေ့ကြတာပေါ့"

"ဟုတ်ပါပြီ"

အပိုင်းတိုသွားရင်တောင်းပန်ပါတယ်နော်။မကြာခင်နောင်တစ်ပိုင်းလာပါလိမ့်မယ်။

ဟို သာသာရဲ့ reader တစ်ယောက်က zawgi လိုမရေးဘူးလားမေးထားလို့။ဒီ fic တစ်ပုဒ်လုံးပြီးရင် zawgi လိုပြန်ပြီးရေးပေးမှာပါလို့ပြောချင်လို့ပါဗျ

Silent Love (complete) Where stories live. Discover now