မောင်ရဲ့ဂျစ်ကားလေးကအိမ်ရှေ့ဆင်ဝင်အောက်မှာရပ်သွားတယ်။ကျန်ကျန့်လည်းခြံတံခါးကိုအမြန်ပိတ်ပြီးမောင့်နောက်ကိုအမှီလေးလိုက်လာခဲ့တယ်။
ကျန်ကျန့်ရောက်တော့မောင်ကဖိန့်ဖိန့်ကိုဖတ်ထားပြီးဖိန့်ဖိန့်ကလည်းမောင့်ကိုချွဲကာစကားတွေအများကြီးပြောနေကြတယ်။
ကျန့်ကျန့်စိတ်ထဲမှာမောင်နဲ့ဖိန်ဖိန်နဲ့ကတော်တော်ရင်းနှီတာပဲလို့တွေးမိတယ်။ဘယ်သူကထင်ထားမှာလဲမောင်တို့ကချစ်သူတွေဆိုတာ။
"ဖိန့်ဖိန့်သူကဘယ်သူလဲ"ကျန့်ကျန့်မောင့်ကိုမသိသလိုမေးလိုက်တယ်။
"အားးးးးအားးးးးကိုကြီးရှိနေတာပဲမေ့နေတာမိတ်ဆက်ပေးဖို့သူကဖိန့်ဖိန့်ချစ်သူးမြို့စားမင်းဝမ်းတဲ့နာမည်အပြည့်အဆုံကဝမ်းရိပေါ်တဲ့ကိုကြီး"ဖိန်ဖိန်ကပြုံးပြီးပြန်ဖြေတယ်။
"ဪ"ဟုသာကျွန်တော်ပြောနိုင်တော့တယ်။ဝမ်းနည်းနေတဲ့စိတ်အစဥ်ကိုထိန်းချုပ်ပြီးပြန်ပြုံပြလိုက်တယ်။
"ကိုကိုဒါက, ကလေးရဲ့ကိုကြီးရှောင်ကျန့်တဲ့မှတ်ထားနော်။"ညီမလေးကပြုံး၍မိတ်ဆက်ပေးသည်။
မောင်ကကျွန်တော့ကိုယောက်ဖတဲ့ကျွန်တော်သိပ်နာကျင်ရတယ်မောင်။ငါကမောင့်ရဲ့သက်ဆိုငခသူဖြစ်ချင်တာလေမောင့်နဲ့အမျိုးတော်ချင်တာမှမဟုတ်တာမောင်ရယ်။
"ဟုတ် good morning ယောက်ဖ"မောင်းကပြုံးပြတယ်။
မောင့်ရဲ့အပြုံးတွေကသိပ်ကိုလှပလွန်းတယ်။ကြည့်ပါဦးမောင်ရယ်မောင့်ရဲ့အပြုံးတွေကသိပ်ကိုလှလွန်းတော့နေမင်းကြီးတောင်ပုန်းလျှိုနေရတယ်။
"ဟေးးးးးးးသားဝမ်းရိပေါ်ရောက်နေတာလာကွဲ့"
"ဟုတ်ဖေဖေ"
"အေးရောက်နေတာကြာပြီလာကွဲ့........ဟဲ့သမီးနဲ့သားဘာလုပ်နေတာလဲသားလေးကိုအိမ်ထဲခေါ်ဦးလေ"
"ဟုတ်ဖေဖေ"
ဖိန့်ဖိန့်နဲ့ကျွန်တော်လည်းမောင့်ကိုအိမ်ထဲကိုဖိတ်ခေါ်ခဲ့တယ်။
ဧည့်ခန်းထဲတွင်ဖိန်ဖိန်ကမောင့်နားမှာကပ်ထိုင်တယ်။ကျွန်တော်လည်းသူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်။
"ကဲပြောပါဦးသားလေးကဘယ်လိုလုပ်ပြီးယွဲ့အန်းမြို့ကိုရောက်လာရတာလဲအလုပ်ကိစ္စပဲလာအလည်သပ်သပ်လာ"
"ဟုတ်ဖေဖေအလုပ်ကိစ္စလို့ပြောလို့ရပါတယ်။"
"ဟွန့်ဘာလဲကိုကိုက ကလေးကိုသတိရလို့လာတာမဟုတ်ဘူးပေါ့ ဟုတ်လား"
"မဟုတ်ရပယဘူးဗျာဟောသည်က ကိုကို့ကလေး လေးကိုလည်းသတိရလို့လည်းပါပါတယ်ဗျာဟုတ်ပြီလာ"
"ဟွန့်အလျှောက်ကောင်းလို့အထောင်းသက်သာသွားတယ်မှတ်ပါကိုကို"
"ဟုတ်ပါပြီဗျာကိုကို့ကလေးလေးရဲ့"
မောင်ကပြုံးကာပြော၍ဖိန်ဖိန်ပါးကိုမွေးကြူလိုက်တယ်။မောင်တို့ကပျော်နေပေမဲ့ဒီကလူကတော့ရင်ကွဲရတယ်မောင်။မောင့်ကိုမျှော်နေခဲ့ပေမဲ့မောင်ရောက်မလာခဲ့ဘူးမောင်အဲ့နေ့ကကျန့်ကျန့်တို့ချစ်သူသက်တမ်း၁နှစ်ပြည့်တဲ့နေ့ကျန့်ကျန့်မွေးနေ့မောင်ရောက်မလာခဲ့ဘူး။
မောင့်ကိုညနေခင်းနေဝင်သည့်အချိန်ထိကျန့်ကျန့်စောင်နေခဲ့ပေမဲ့မောင်ရောက်မလာခဲ့ဘူးမောင်။
ကျွန်တော့ကိုစိုက်ကြည့်ပြီးမျက်ရည်တွေကျနေတဲ့ကျွန်တော့ရဲ့မတော်ရသေးတဲ့ယောက်ဖကိုလှမ်းခေါ်လိုက်တယ်။
"အကိုအဆင်ပြေရဲ့လာဗျမျက်ရည်တွေကျနေလိုလေ။"
"ဟမ်းးးးးးဟုတ်အဆင်ပြေပါတယ်ဗျာ။"မောင့်ရဲ့အပြောကြောင့်မျက်ရည်တွေကိုကမန်းကတမ်းသုတ်ပြီးအိပ်ခန်းလေးဆီကိုပြန်လာခဲ့တယ်။
မောင်နဲ့ညီမလေးကဘယ်ကဘယ်လိုတွေ့ဖြစ်ကြလဲကျွန်တော်မသိပေမဲ့မောင်ဿျွန်တော့ကိုမချစ်တော့ဘူးဆိုတာသိလိုက်ရပါတယ်။မောင်ကျွန်ေတာ်ကိုစိမ်းကာစွာဆက်ဆံနေတယ်။ကျွန်တော်ကျေနပ်ပါတယ်မောင်ပျော်ရွှင်နေလို့ပါ။
အားလုံးပဲ့ရှောင်ကျန့်နဲ့ဝမ်းရိပေါ်ကချစ်သူတွေပါ။ရှောင်ကျန့်ဘွဲ့လွန်တတ်တုန်းကကြိုက်ခဲ့ကြတာပါ။မောင်ဆိုတဲ့ဝမ်းရိပေါ်ကျန့်ကျန့်ကိုစိမ်းကားသွားတာလဲဆိုတာနောင်တစ်ပိုင်းမှာပြောပြပေးပါမယ်။😁
YOU ARE READING
Silent Love (complete)
Fanfictionအချစ်ကငါ့ကိုနာကျင်စေတယ်မောင်။မောင်ဆိုတဲ့နာမ်စားကိုအရမ်းစွဲလမ်းမိတယ်။အရမ်းချစ်တယ်မောင်။ချစ်လွန်းလို့မောင့်ကိုခွင့်လွှတ်ပါတယ်။