Episode - 26

339 10 0
                                    

"ပါးတောင်ပန်ပါတယ်သားရယ်။ပါးတောင်းပန်ပါတယ်။ပါးသားကိုအရမ်းချစ်တယ်နော်သားပါးကိုခွင့်လွှတ်ပေးပါ။"

ရှောင်ကျန့်လည်းမျက်ရည်တွေကျလာပြီးသူ့ရဲ့ဖခင်ကိုပြန်ဖတ်လိုက်တယ်။

သူတို့နှစ်ယောက်လည်းတစ်ယောက်ကိုတစ်ယောက်ပြုံးပြပြီး ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်လိုက်ကြတယ်။

"ပါး သာလေ ပါးကို တောင်းပန်ပါတယ်။ပါးသားကိုခွင့်လွှတ်ပေးပါ​နော်"

"သားကျန့်ကျန့်ပါးကငါ့သားကိုခွင့်လွှတ်ပါတယ်။ ပါးရဲ့မြေးလေးတွေကိုပါးတွေ့ချင်လှပြီးသားရဲ့"

ရှောင်ကျန့်လည်းမျက်နှာပေါ်က ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီး မောင့်ဆီထွက်လာခဲ့တယ်။

မောင်ကသူ့ကိုကြည့်ပြီးမေးဆက်ပြတယ်။အထဲမှာအဆင်ပြေလားပေါ့။သာလည်းမျက်နှာကိုပြုံးပြီးပြန်ခေါင်းငြိမ့်ပြလိုက်တယ်။အဆင်ပြေတယ်ဆိုတဲ့သဘောမျိုးပေါ့။

ရှောင်ကျန့်လည်း ရှောင်လန်း လေးကိုချီပြီးအိမ်ထဲကိုဝင်လာလိုက်တယ်။ရှောင်ကျန့်နောက်က ဝမ်းရိပေါ်က ရိကျန့်ဠေးကိုချီပြီးသူ့ဖွားဖွားဆီကိုပေးလိုက်တယ်။

ရှောင်သခင်ကြီးနဲ့သခင်မကြီးကတော့သူတို့ရဲ့ချစ်ဖို့ကောင်းတဲ့မြေးနှစ်ယောက်ကိုကြည့်ပြီးပီတိမျက်ရည်တွေကျလာတယ်။

မြေးနှစ်ယောက်ကိုမြူးနေရင်မှရှောင်သခင်ကြီးကစကားစလာတယ်။

"မင်းတို့နှစ်ယောက် ဘယ်နေ့လက်ထပ်ဖို့စိတ်ကူးထားလည်း။"

ရှောင်ကျန့်အဲ့အချက်ကိုမေ့နေခဲ့တယ်။သူ့မှာဖြေစရာစကားမှဖြစ်နေတယ်။ဒါပေမဲ့မောင်ကတော့သူနဲ့မတူစွာ

"ကျွန်တော်တို့နဇစ်ယောက်နောက်တစ်လနေရင်လက်ထပ်ဖို့စီစဉ်ထားတယ်ဦးလေးရှောင်။ပါးပါးနဲ့မာမာကိုလည်းပြောထားပါတယ်။"

ရှောင်ကျန့်လည်းအူတူတူပုံစံလေးနဲ့မောင့်ဘက်ကိုလှည့်ကြည့်လိုက်တယ်။မောင်ကတော့ဘာမှမဖြစ်တဲ့ပုံစံနဲ့မျက်နှာကိုတည်ထားတယ်။

"အင်း ကောင်းတယ် ကောင်းတယ်။" ဆိုပြီးရှောင်ပါပါက ခေါင်းငြိမ့်လက်ခံတယ်။

သူတို့ရှောင်အိမ်တော်ကပြန်လာတော့တော်တော်မိုးချုပ်နေပြီ။ရှောင်မားမားက အိမ်တော်မှာပဲညစာ စားပြီးမှပြန်ပါ့လားဆိုလို့ ညစာ စားလိုက်ရသေးတယ်။

ရှောင်ကျန့် သားနဲ့သမီးကို အိပ်ပျော်အောင် ချော့သိပ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အခန်းထဲကိုပြန်ဝင်လာတယ်။

ေရှောင်ကျန့်အခန်းထဲရောက်တော့မောင်ဟာ စာရွက်စာတမ်းများဖငြ့်အလုပ်ရှုပ်နေတယ်။ သူလည်းမောင့်ကိုနောက်ကျောမှဖတ်လိုက်ပြီး

"မောင် ညနေက စကားကတကယ်လား။ဘာဖြစ်လို့ငါ့ကိုကျိုမပြောတာလည်း။ငါကဘာမှလည်းမသိရဘူးဟွန့်"

ရှောင်ကျန့်ကစကားပြောပြီးမကျေနပ်စွာနှာခေါင်းကိုရှုံ့လိုက်တယ်။

ဝမ်းရိပေါ်က ရှောင်ကျန့်ကိုမျက်နိုးစွားကြည့်ပြီးတစ်ချက်ပြုံးလိုက်တယ်။ပြီးတော့ ရှောင်ကျန့်နှုတ်ခမ်းလေးကိုမြတ်နိုးစွားတစ်ချက်နမ်းလိုက်တယ်။

အပိုင်းတိုသွားရင်တောင်းပန်ပါတယ်။မကြာခင်ဇာတ်သိမ်းတော့မှာပါ။

Silent Love (complete) Where stories live. Discover now