Episode - 24

395 12 0
                                    

"သူမနာမည်ကချန်းယန်လီ။အရေးပိုင်မင်းရဲ့သမီး။မောင်နဲ့သူကဘာမှမဆိုင်ဘူးကျန့်ကော။"

ဝမ်းရိပေါ်လည်းမျက်နှာငယ်လေးနဲ့ ချန်းမိန်းကလေးနဲ့သူနဲ့ဘာမှမဆိုကြောင်းပြောလိုက်တယ်။

ရှောင်ကျန့်ဝမ်းရိပေါ်ရဲ့စကားကြောင့်ကျေနပ်သွားပြီး ထိုမိန်းကလေးကိုကြည့်လိုက်တဲ့အချိန်မျက်နှာပေါ်မှာ အံဩမှု၊စိတ်တိုမှု တွေနဲ့ပြည့်နေပြီး ရုပ်ကဘီလူးသံပရာသီးစားထားတဲ့ရုပ်ထက်ဆိုနေတာက်ုတွေ့လိုက်ရတယ်။

ဒါပေမဲ့ထိုမိန်းကလေးကသူ့ရဲ့မျက်နှာပျက်မှုကို ချိုမိန်တဲ့အပြုံးတွေနဲ့ပြန်ဖုံးကွယ်လိုက်တယ်။ဒါပေမဲ့သူကတော့သေသေချာချာရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရတယ်။

"ဟာ....ကိုကိုကလည်းဘာမဆိုင်ရမှာလည်း ကိုကိုနဲ့ ယန်ယန်နဲ့ကမကြာခင်လက်ထပ်တော့မှာလေ။"

ရှောင်ကျန့်ဒီစကားကိုကြားရတာနှစ်ခါရှိပြီကြားရတဲ့အချိန်တိုင်းလည်းဒေါသကထွက်လာတယ်။

သူလည်း'သူမပြောတာဘာအဓိပ္ပါယ်´လည်းဆိုတဲ့မျက်နှာဘေးနဲ့ဝမ်းရိပေါ်ကိုကြည့်လိုက်တယ်။

ရိပေါ်ကသူဘာပြောချင်လဲသိလို့ထင်တယ် အလျှင်အမြန်ပြန်ပြောလာတယ်။

"ကော...ကျန့်ကော သူပြောတာမယုံနဲ့နော်။ကျန့်ကောကသာမောင့်ရဲ့ ဇနီးလေးပါ။သူနဲ့မောင်ကတကယ်ဘာမှမဆိုပါဘူး။"

"ဪ ဟုတ်လား"

"ကိုကို....."

ချန်ယန်လီလည်းစိတ်တိုတိုနဲ့ဝမ်းရိပေါ်ကိုအော်ချလိုက်တယ်။

ဘာတဲ့ကိုကိုက သူနဲ့ငါက ဘာမှမဆိုင်ဘူးတဲ့လား။နောက်၅ရက်နေရင်လက်ပဲထပ်ကြတော့မှာလေ။ပြီးတော့ကိုကိုကစောနကကောင်ကိုသူ့ဇနီးတဲ့ဘာတွေလဲကိုကိုရာ

"ကိုကို သူကဘယ်သူလည်းကိုကိုနဲ့ဘယ်လိုပတ်သက်တာလဲ။ကိုကိုနဲ့ ယန်ယန်နဲ့ကနောက်၅ရက်နေရင်လက်ထပ်တော့မှာလေ။"

"ဝမ်းရိပေါ်"

ရှောဂ်ကျန့်အဲ့လက်ထပ်တော့မယ်ဆိုတဲ့စကားကိုသုံးကြိမ်တိုင်တိုင်ကြားလိုက်ရလို့မျိုသိပ်ထားတဲ့ဒေါသတွေကိုဖွင့်ထွက်ဖို့မောင့်နာမည်ကိုအော်ချလိုက်တယ်။

Silent Love (complete) Where stories live. Discover now