Episode - 28

395 10 3
                                    

ဝမ်းရိပေါ် ဒီနေ့ရုံးကိုစရောက်ထဲကစိတ်ထဲမှာလေးလံမှုတွေနဲ့ပြည့်နေတယ်။

မကြာပါဘူး သူကျန့်ကောနဲ့ကလေးတွေကိုစောင့်ရှောင့်ဖို့ထား ထားတဲ့ လူဆီကစကားတစ်ခွန်းကြားပြီးသူ့ဘဝကြီးအချိန်တွေရပ်တန့်သွားသလိုပဲ။

ဝမ်းရိပေါ်ဘာမှမစဉ်းစားပဲ အိမ်ကိုတန်းပြန်လာခဲ့တယ်။

ကယးမောင်းနေတဲ့တစ်လျှောက်လုံး သူစကားတစ်ခွန်းကိုပဲကြားနေမိတယ်။ထိုစကားကတော့

"မြို့အုပ်မင်းဝမ်း ဝမ်းရိကျန့်လေးပျောက်သွားပါတယ်။မြို့အုပ်ကတော်လည်းအရမ်းဝမ်းနည်းတကြီးငိုနေပါတယ်။ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်သေချာဂရုမစိုက်လိုက်မိလို့ပါ။"

ဝမ်းရိပေါ် ကားကိုအရှိန်အမြန်ဆုံးတင်းလိုက်ပြီး အိမ်ကိုပြန်လာခဲ့တယ်။

......................

ရှောင်ကျန့် ရိကျန့်လေးပျောက်သွားတာကြောင့် စျေးထဲ၌နေရာအနှံ့လိုက်ရှာပေမဲ့ဘယ်နေရာမှမတွေ့ဘူး။ထို့ကြောင့် ကျန်းယောင်လည်း သက်ဆိုင်ရာတွေကိုပြောပြီးရှာခိုင်ထားတယ်။သူကတော့ ရှောင်ကျန့် ကိုဝမ်စံအိမ်တော်ကိုပြန်ခေါ်လာခဲ့တယ်။

ရှောင်ကျန့်စံအိမ်တော်ကို ကျန်းယောင်ခေါ်လို့သာပြန်လာရတာသူ့စိတ်ကတော့သားလေးဆီမှာပဲရှိနေတယ်။

အခုချိန်ဆိုသားလေးဘယ်လိုများဖြစ်နေမလဲ။ကြောက်များကြောက်နေမလား။သူ့ကိုနှိပ်များဆက်နေကြမလား။

ရှောင်ကျန့်ထပ်မတွေးရဲတော့ပါ။ထို့ကြောင့်ကျန်းယောင်ရဲ့ အက်ျီစကို ကိုင်ပြီးဝမ်းနည်းတကြီးငိုချလိုက်တယ်။

ထိုအချိန် အိမ်ရှေ့မှကားသံကြောင့်မောင်ပြန်လာပြီမှန်သိလိုက်ရတယ်။ထို့ကြောင့်မောင့်ဆီကိုအားတင်းပြီးလျှောက်သွားလိုက်တယ်။

ဝမ်းရိပေါ်ကားကိုအိမ်တော်ရှေ့မှာရပ်လိုက်ပြီး အိမ်တော်ထဲကို ဝင်လာလိုက််။ထိုအချိန်အိမ်တေ်ထဲကထွက်ပေါ်လာသော အရိပ်လေးကြောင့်အန္ဓာကိုယ် ကိုလှမ်းထိန်းလိုက်ရတယ်။

Silent Love (complete) Where stories live. Discover now