တစ်ပတ်ကြာပြီးနောက်........
ခရီးသွားနေကြတဲ့မာမာနဲ့ပါပါလည်းပြန်လာပြီးညီမလေးကလည်းပါပါတို့မရောက်ခင်၃ရက်လောက်ထဲကကြိုရောက်နှင့်နေပြီ။
အခုပိတ်ရက်မို့ထမင်းစားခန်းထဲမှာထမင်းစားနေကြသည်။အခန်းတွင်းလူမရှိဟုထင်ရလောက်အောင်ပင်တိတ်ဆိတ်လှပါသည်။ထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကတော့။
"သားဝမ်းရိပေါ် ဦးလေးတို့မင်းတို့စေ့စပ်ပွဲကိုနောက်တစ်လလောက်နေရင်ကျင်းပမလားလို့လေ။သားရောဘယ်လိုသဘောရလဲ။"ရှောင်ကျန့်အဖေစကားကြားပြီးတော့အားလုံးအံသြကြပေမဲ့ရှောင့်ကျန့်ကတော့အအံ့ဩဆုံးပေါ့။ဒါပေမဲ့ဘာတစ်ခွန်းမှမပြောပဲသူ့ထမင်းသာသူဆက်စားနေလိုက်တယ်။
"ဟုတ်ဦးလေးအဆင်ပြေသလိုလုပ်ပါ။ကျွန်တော် ဒယ်ဒီနဲ့မာမီကိုကြေးနန်းပို့လိုက်ပါ့မယ်။"
"ကောင်းပြီး"
အချိန်တွေကတဖြည်ဖြည်းအကုန်မြန်လာတယ်။မကြာခင်ပဲညီမလေးတို့စေ့စပ်ကြတော့မယ်။
"ကိုကြီး...."
ခြံထဲမှာလေညင်းခံနေရင်တစ်ယောက်ယောက်ကခေါ်လာသံကြားလို့လည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ညီမလေး.....
"ဟမ်းးရှောင်ဖိန်ဘာကိစ္စရှိလို့လဲညီမလေး။ပြောစရာရှိလို့လာ။"
"ဟွန့် ကိုကြီးကလည်းကိစ္စရှိမှစကားပြောရမှာလားလို့။"
"မဟုတ်ပါဘူးဒီအတိုင်းပြောတာပါ။စိတ်မကောက်နဲ့နော်။"
"ဟုတ်။ဒါနဲ့ကိုကြီးမျက်နှာလည်းချောင်ကျသွားပါလာနေမကောင်းဘူးလားအခုတလောခဏခဏအန်နေတယ်နော်ပြီးတော့်ခေါင်းလည်းမူးတယ်မလားဆေးရုံပြလိုက်ပါလာ။"
"အင်းကိုကြီးမနက်ဖြန်ဆေးရုံးသွားလိုက်မယ်။စိတ်မပူနဲ့နော်"
"ဟုတ်ကိုကြီးသေချာသွားလိုက်နော်။"
ရှောင်ကျန့်ခေါင်းသာငြိမ့်ပြလိုက်မိသည်။မောင်တို့စေ့စပ်ဖို့တစ်ပတ်လောက်သာလို့တော့တယ်။ကျန့်ကျန့်ရင်တွေမောလိုက်တာမောင်ရယ်။ဘာဖြစ်လို့ကျန့်ကျန့်မှသည်လိုဖြစ်ရတာလဲ။ကိုယ့်ရဲ့ချစ်သူကကိုယ့်ညီမနဲ့လက်ထပ်မဲ့သူတဲ့။ဘဝကခါးလိုက်တာနော်။
နောက်တစ်နေ့.......
ရှောင်ကျန့်သူတို့မြို့မှာရှိတဲ့ချင်းယုံဆေးရုံရှေ့မှာရပ်ပြီးငေးနေလေတယ်။သူ့စိတ်တွေလေးနေတယ်ဘာကြောင့်မှန်းတော့မသိပေမဲ့ပေါ့။
ဆေရုံထဲရောက်တဲ့အချိန်မထင်မှတ်တဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
ဒီတစ်ပိုင်းတိုသွားလို့တောင်းပန်ပါတယ်နော်။
![](https://img.wattpad.com/cover/307082230-288-k661935.jpg)
YOU ARE READING
Silent Love (complete)
Fanfictionအချစ်ကငါ့ကိုနာကျင်စေတယ်မောင်။မောင်ဆိုတဲ့နာမ်စားကိုအရမ်းစွဲလမ်းမိတယ်။အရမ်းချစ်တယ်မောင်။ချစ်လွန်းလို့မောင့်ကိုခွင့်လွှတ်ပါတယ်။