Episode -5

665 20 0
                                    

ကျန့်ကော ဟူသောရေရွတ်သံလေးနဲ့အတူလဲကျသွားသောလူတစ်ယောက်ကားလမ်းမထက်၌ရှိနေသည်။

ထိုနေ့ကမိုးများကဖွဲဖွဲလေးမျှသာရွာချနေသည်။ဆေးရုံတစ်ခုကုတင်ပေါ်မှာတော့လူတစ်ယောက်ကလဲလျှောင်း၍အိပ်စက်နေသည်ပြောရမယ်ဆိုသတိမေ့နေတာပိုမှန်သည်။

တစ်ပတ်ကြာသော်

"အားးးးးကျွတ်.....ကျွတ်......."ညည်းသံနှင့်အတူဆေးရုံပေါ်မှလူလည်းသတိရလာသည်။ထိုလူသည်တစ်ခြားသူမဟုတ်မြို့စားမင်ဝမ်းရိပေါ်ပဲဖြစ်သည်။

"ဟမ် ငါဘယ်ရောက်နေတာလဲဒါဘယ်နေရာလဲ အားးးးကျွတ်...ကျွတ်....."သူ၏ခေါင်းကိုလက်ညိုးနှင့်လက်မကိုဖိထားရင်ထိုလူဆိုလိုက်သည်။

ထို့နောက်မိန်းမပျိုလေးတစ်ဦးသည်သူရှိရာအခန်းအတွင်းသို့ဝင်လာသည်။ထို့နောက်သူ့ကိုမြင်ချိန်တွင်အလန့်တကြားဖြင့်ပြန်ပြေးထွက်သွားသည်။သူလှမ်းခေါ်မည်ပြုပေမဲ့မမှီလိုက်ပါ။အချိန်တစ်ခုမျှကြာပြီးနော့ထိုမိန်းမပျိုလေးနှင့်အတူသူမ၏နောက်မှအသက်အရွယ်ကလူလတ်ပိုင်းလောက်ရှိသောလူသုံးလေးယောက်လောက်ပါလာသည်။

ထိုသူထဲကအဖြူရောင်ကုတ်ကိုဝတ်ထားတဲ့လူတစ်ယောက်ကသူ့နညးကပ်လာပြီး
"လူလေမင်းဘယ်လိုနေလဲနေရတာသက်သာလာခေါင်းတွေဘာတွေကိုက်သေးလာ"

ဝမ်းရိပေါ်လည်းထိုမေးလာသောဆရာဝန်ဦးလေးကြီးကို"ခေါင်းတော့နည်းနည်းကိုက်သေးတယ်။ခြေထောက်ကလည်းနည်းနည်းနာတယ်။"​ခပ်ပြတ်ပြတ်ပဲပြောပြီးအေးစက်သောပုဲစံနဲ့ပဲနေ,နေလိုက်တယ်။

ဆရာဝန်လည်းထိုသူသည်ခေါင်းထိထားသောကြောင့်သေချာအောင်စစ်မေးနေသည်။

"လူလေးမင်းမင်းခေါင်းထဲမှာအရာအားလုံးမှတ်မိလာ"

"မမှတ်မိဘူးဆရာကျွန်တော်အရေးကြီးတဲ့တစ်စုံတစခုကိုမေ့နေသလိုခဲစားရတယ်ဆရာဒါပေမဲ့ဘာမှန်းမသိဘူးဖြစ်နေတယ်ဆရာ"

"အေးဖြစ်တတ်ပါတယ်အကုံလုံးကိုမှတ်မိပြီးတစ်စုံတစ်ခုကိုမေ့နေတဲ့အတိတ်မေ့ရောဂါကရှားတယ်"ဆရာဝန်လည်းထိုသို့ပြော၍လူနာနှင့်ပတ်သက်ပြီးအခြားရောဂါလက္ခဏာများရှိမရှိစစ်ဆေးပြီးအခန်းထဲမှထွက်လာခဲ့လိုက်သည်။

ဆရာဝန်များထွက်သွားပြီးသောအခါခုဏကမိန်းမပျိုလေးနဲ့ဝမ်းရိပေါ်တို့နှစ်ယောက်ထဲပဲရှိတော့သည်။

(မြို့စားမင်းကိုဒီနေရာကစပြီးမြို့အုပ်မင်းလို့ပြောင်းသုံးပါ့မယ်နော်)

မြို့အုပ်မင်းဝမ်လည်းထိုမိန်းမပျိိုလေးသည်သူ့ကိုကယ်ခဲ့လူဖြစ်ဟန်တူ၍ကျေးဇူးတင်စကားဆိုလိုက်သည်။

ထိုမိန်းမပျိုလေးကလည်းရှက်ပြုံးလေးပြုံး၍အဆင်ပြေကြောင်းပြန်လည်ပြောဆိုသည်။

မြို့စားမင်းဝမ်သည်သူ့ရဲအဆင်မပြေသေးသောခေါင်းကဒဏ်ရာကြောင့်သူ့ကိုကယ်ခဲ့သောမိန်းမပျိုလေးတို့အိမ်းတွင်လိုက်နေခဲ့သည်။

တဖြည်းဖြည်း ရက်တွေ၊လတွေပြောင်းလဲလာခဲ့၍ဝမ်းရိပေါ်ထိုမိန်းမပျိုလေးတို့အိမ်မှာနေသာငါးလပင်ပြည့်တော့မည်ဖြစ်သည်။

ထိုနေ့ကဝမ်းရိပေါ်ဆေးရုံ၌ပတ်တီဖြည်ပြီးအပြန်သူထိုမိန်းမပျိုလေးကိုချစ်ခွင့်ပန်ခဲ့သည်။တစ်လကြာပြီးနောက်ထိုမိန်းမပျိုလေးစီမှချစ်တယ်ဟူသောအဖြေကိုသူရခဲ့သည်။

ရှေးလူကြီးတွေရဲ့စကာပုံအတိုင်အိုးချင်းထားတော့အိုးချင်းထိကြိုးချင်းထားတော့ကြိုးချင်းညှိဆို့သည့်စကာပုံသည်သိပ်မှန်ပါသည်။ဝမ်းရိပေါ်သည်ထိုမိန်းကလေးကိုမြင်ရလျှင်တစ်စုံတစ်ယောက်ကိုသတိရမိသည်ထိုသူသည်မည်သူမှန်းမသိသော်ညှားလည်းပေါ့။ထိုမိန်းမပျိုလေး၏နာမည်သည်ရှောင်ဖိန့်ဖိန့်ဆိုသည့်ရှောင်ကျန့်၏အချစ်ရဆုံးသောညီမလေးဖြစ်သည်။

ဝမ်းရိပေါ်သည်သူသိပ်ချစ်ရသောရှောင်ကျန့်ဆိုသည့်လူသားလေးကိုမေ့နေခဲ့ပါသည်။ဒီအဖြစ်အပျက်တွေကိုမသိသောသူတို့နှစ်၏ဘဝခရီးလမ်းသည်သာယာနိုင်ပါ့ဦးမလာ။

စု အစတုန်းကဒီ fic လေးကို sad တစ်လိုင်းရေးဖို့စဥ်းစားထားပေမဲ့ ကိုသဘောကျရတဲ့ idol တွေကြောင့် sad တစ်လိုင်းမရေးပဲ sweet နဲ့ sad ကိုတစ်လှည့်ဆီရေးသွားမှာပါ။ချိုမိန်မှုတွေနဲ့အတူဝမ်းနည်းမှုတွေပါ,ပါဝင်မှာပါ။စု အတတ်နိုင်ဆုံးကောင်းမွန်တဲ့ fic လေးတစ်ခုဖြစ်အောင်ရေးသွားမှာပါ။စု ရဲ့ ပထမဆုံး fic မို့အမှားများပါရင်ခွင့်လွှတ်ပေးပါကြပါနော်။

Silent Love (complete) Where stories live. Discover now