⟪4⟫

198 27 0
                                    

တကယ်လို့သာ ဒါက သာမန်ရိုးရိုး အတွင်းခံ အပိုင်းအစလေးတစ်ခုပဲ ဆိုရင် ငါ့ အသိစိတ်ထဲက နာကျင်မှုကိုတောင် မြိုသိပ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နိုင်ဦးမယ်။

ဒါပေမယ့် ဒီဟာက ယွမ် 360 တန်ဖိုးရှိတဲ့ အတွင်းခံတစ်စုံလေ!

ငါ့အသိစိတ်ဓာတ်ကို လျစ်လျူရှုပြီး မနေနိုင်ဘူး!

ဒီလိုလုပ်တာက တစ်ယောက်ယောက်ဆီက ယွမ် 360 ခိုးတာနဲ့ ဘာကွာတော့လို့လဲ?

အဲ့တာကြောင့် ငါ Confession Wall ကို
ဆက်သွယ်လိုက်တယ် အတွင်းခံ‌ ပျောက်သွားတဲ့သူရဲ့ အထောက်အထားကို သိရဖို့ မျှော်လင့်ရင်းနဲ့။

ငါ : Wall, အခိုးခံရတဲ့ အတွင်းခံ ပိုစ့်အကြောင်းကို ရေးတဲ့ အတန်းဖော်က ဘယ်သူလဲဆိုတာ ငါ ယဉ်ယဉ်ကျေးကျေး မေးလို့ရမလား?

Confession Wall : တစ်ဖက်လူက အမည်မဖော်ဖို့ တောင်းဆိုထားပါတယ် ပြောပြလို့ မရပါဘူး

ငါ : ......

ကောင်းပြီလေ ဒီနည်းလမ်းက အလုပ်မဖြစ်မှတော့ တခြားနည်းလမ်း ရှာကြည့်တာပေါ့။

အဲ့အချိန်တုန်းက ယောကျာ်းလေးတွေက ဘယ်လိုပုံလဲဆိုတာကို မှတ်မိဖို့ ငါ ကြိုးစားလိုက်တယ်။

ပြီးတော့ ငါ အရှုံးပေးလိုက်တယ်။

အဝေးမှုန် 800 Degrees ရှိတဲ့ ငါ့လိုလူအတွက်က
တော့ 2 မီတာအကွာအဝေးမှာရှိတဲ့ လူတစ်ယောက်နဲ့ တိရစ္ဆာန်တစ်ကောင်ကြားမှာ ဘာထူးခြားချက်ရှိလဲ
ဆိုတာတောင် မပြောနိုင်ဘူး။

ဘာလုပ်လို့ လုပ်ရမလဲ မသိဖြစ်‌နေတဲ့ အချိန်မှာ ငါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်တယ်။

အဲ့ကောင်လေးတွေ ဝင်လာတော့ သူတို့ထဲက
တစ်ယောက်က တခြားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ခဲ့တယ်။

အဲ့ဒါက ရှောင်ဝေ ဆိုလား?

သူတို့ရဲ့ ပုံစံကို ကြည့်ရတာတော့ ရေကူးခန်းမကို မကြာခဏ လာပုံရတယ်။

တကယ်လို့ ငါသာ နောက်ထပ်ရက်အနည်းငယ်
လောက် ရေကူးကန်‌ရှေ့ကို သွားပြီး ဆောင့်‌ကြောင့်
ထိုင်နေမယ်ဆိုရင် ငါ ရှောင်ဝေကို တွေ့ကောင်းတွေ့
နိုင်လောက်လား?

အဲ့လိုနဲ့ ငါ သွားခဲ့တယ်။

မှတ်မိခံရတာကနေ ကာကွယ်ရန် အလို့ငှာ ဦးထုပ်ကိုဆောင်း mask ကို တပ်ပြီး ဆံပင်ကိုတောင် မညှပ်ချင်ညှပ်ချင်နဲ့ တိုအောင် ညှပ်လိုက်သေးတယ်။

ငါ အားစိုက်ထုတ်လိုက်ရတာ တန်သွားတယ် နောက်တစ်ရက်ကျ ငါ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတယ်။

“ ချောင်ဝေ မင်းဘာလို့ အမြန် ထွက်သွားတာလဲ? ငါ့ကိုစောင့်ဦး! ”

ငါကြည့်လိုက်တော့ ယောကျာ်းလေးတစ်ယောက်က တခြားတစ်ယောက်နောက် လိုက်နေတာကို မြင်လိုက်
ရတယ်။

ငါ့အရှေ့မှာ ရှိတဲ့ ‌သူဆီ အကြည့်ပို့လိုက်တဲ့ အခါမှာ
တော့ ငါ မှင်သက်သွားရတော့တယ်။

နေပါဦး ဒါ ရှန်းချောင်ဝေ မဟုတ်လား?

ချောင်ဝေ? ရှောင်ဝေ?

အဲ့နေ့က ခေါ်ခံရတာ သူဖြစ်နေခဲ့တာပဲ!

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now