Extra ⟪2⟫

154 25 0
                                    

အချပ်ပို ၂။ အိုင်ကျူ ( IQ )

မကြာသေးခင်က ငါ တစ်ခု ရှာတွေ့ခဲ့တယ်။

ငါ အမြဲတမ်း ရှန်းချောင်ဝေကို ထိပ်တန်းကျောင်းသား ဆိုပြီး ခေါ်နေပေမယ့် ငါ့ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲ ရလဒ်က သူ့ထက် မြင့်ပုံရတယ်။သေချာပေါက်ကို ကောလိပ်စာမေးပွဲ ရလဒ်တွေကိုတော့ အချိန်တစ်ခုထိ ဖော်ပြလိမ့်မှာ မဟုတ်ဘူး

အဲ့တာကြောင့် ဒီရက်အနည်းငယ်အတွင်း ငါ ရှန်းချောင်ဝေဘေးမှာ ဝမ်းသာပိတိ ဖြစ်နေခဲ့တယ်။

သူ ငါ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီး ရုတ်တရက် မေးတယ် : “ ကောင်းပြီ ဒါဆို ကိုယ် မင်းကို မေးခွန်းတစ်ခု မေးမယ်? ”

ငါလည်း ယုံကြည်မှုအပြည့်နဲ့ : “ ပြောလိုက်! ”

ရှန်းချောင်ဝေ : “ ကိုယ်က ရေကို ရေချိုးကန်အပြည့် ဖြည့်ထားမယ်။ ပြီးရင် ရေချိုးကန်ထဲက ရေတွေကို ဖယ်ထုတ်ဖို့ ကိုယ် မင်းကို ဇွန်းတစ်ချောင်းနဲ့ ဇလုံတစ်ခု ပေးမယ်။ မင်း ဘာလုပ်မလဲ? ”

ငါ အဲ့အကြောင်းကို ခဏလောက် စဉ်းစားကြည့်ပြီးတော့ ဒါက ငါ့ကို မရှုပ်ထွေးစေနိုင်ပါဘူးလို့ တွေးရင်း “ ဒါပေါ့ ငါ သူတို့နှစ်ခုလုံးကို တူတူ သုံးမယ် ”

ရှန်းချောင်ဝေက သူ့ရဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး ပြုံးတယ် : “ မဟုတ်ဘူး ”

ငါ : “ ဒါဆို ဘာလဲ? ”

ရှန်းချောင်ဝေ : “ ရေချိုးကန်အဆို့ကို ဆွဲထုတ်လိုက်မှာပေါ့ ”

ငါ : ......

ကယ်ကြပါ ဒီမေးခွန်းက ဘာကြီးလဲ!

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now