⟪19⟫

142 28 0
                                    

တစ်ကြိမ် လုပ်အားပေးရမှာက Academic Activity* တစ်ခုမှာ ပါဝင်ပေးဖို့ပဲ။

ပထမဆုံးအနေနဲ့ ငါတို့က ပွဲကျင်းပမဲ့ နေရာကို ပြင်ဆင်ပေးရမယ် ပြီးတော့ ပရိသတ်အနေနဲ့ လူအုပ်ကြားထဲမှာ ပူးပေါင်းပေးရမယ်။

ဒီလုပ်ငန်းစဉ်တစ်ခုလုံး အတောအတွင်းမှာ ငါ
ရှန်းချောင်ဝေဆီကနေ ပုန်းနေခဲ့တယ် ဒါပေမယ့်လည်း သူ့ကို သဘောကျတဲ့ လူတွေဆီကနေတော့ မပုန်းနိုင်ခဲ့ဘူး။

ညီမငယ်လေးတွေ တစ်စုက ငါ့ကို သဘောထားတချို့ ပြသလာပြီး အမှိုက်အိတ်ကြီးကြီး နှစ်ခုလုံးကို ငါ့လက်ထဲ ထိုးထည့်ပေးလာတယ်။

ငါ : ......

ညီအစ်မတို့ ငါ့ကို ကတိပေးလို့ရမလား? မိန်းကလေးတွေကြား ပြိုင်ဆိုင်မှု မရှိဘူးလို့! မိန်းကလေးတွေကြား ပြိုင်ဆိုင်မှု မရှိဘူးလို့! မိန်းကလေးတွေကြား ပြိုင်ဆိုင်မှု မရှိဘူးလို့လေ!

ချောမောတဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်နှာက ပန်းတစ်ပွင့်လိုပဲ လေအတိုက်ခံစရာ မလိုဘူး နေကြောင့်ပဲ ညှိုးငယ်သွားလိမ့်မယ်။

ကြည့်လို့တော့ ကောင်းတယ် ဒါပေမယ့် အသုံးမဝင်ဘူး။

အဲ့အချိန်မှာပဲ ရှန်းချောင်ဝေက ငါ့နောက်က ပေါ်လာပြီး “ အမှိုက်အိတ်တွေက လေးပုံပဲ ကိုယ့်ကိုပေး ”

━━━━━━━━━━━━━━━━━━━━

wenwen's note :

Academic Activity - ပညာရေး/ပညာရပ်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းစဉ်

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now