⟪32⟫

123 27 0
                                    

သို့သော်လည်း ရှန်းချောင်ဝေကတော့ အတွင်းခံတစ်စုံကြောင့် ထိန်းသိမ်းထားရတဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို အရှုံးမပေးခဲ့ပေ။

နေ့တိုင်း ငါ့ကို စောင့်ကြည့်ပြီး စာ ကြိုးကြိုးစားစား လေ့လာခိုင်းနေတဲ့ အချက်က အဲ့ဒါကို သေချာ မြင်သာစေတယ်။

ငါကတော့ ကျိုးကြောင်းဆီလျော်စွာ သံသယဖြစ်မိတယ် ဒါက ထိပ်တန်း ကျောင်းသားတစ်ယောက်ရဲ့ OCD* ပဲ။

ငါ့မေဂျာရဲ့ အချိန်ဇယားကို သူ ဘယ်ကရခဲ့လဲတော့ ငါ မသိဘူး အတန်းမစခင်တိုင်းမှာ သူ ငါ့ကို WeChat မှာ မေးလိမ့်မယ် : “ မင်း အတန်းလစ်သေးလား? ”

ငါ : ......

ငါ တစ်ခါတစ်လေမှပဲ အတန်းလစ်တာပါနော် ဟုတ်ပြီလား?

အဲ့တာတင် မကသေးဘူး ရှန်းချောင်ဝေက ငါ့ကို သူနဲ့အတူ စာလုပ်ဖို့ပါ ဆွဲခေါ်သွားသေးတယ်။

ကယ်ကြပါ စာတော်တဲ့ ကျောင်းသားတစ်ယောက်မှာ ရှိတဲ့ OCD က သူ့အနားမှာ စာမလုပ်တဲ့သူတစ်ယောက်တောင် ရှိခွင့်မပြုနိုင်တာမျိုးလား?

Study Room ထဲမှာ ခုံတစ်ခုံက ရှန်းချောင်ဝေနဲ့ ငါ့ကို ခြားထားတယ်။

ငါ ဖတ်စာအုပ်ကို ကြည့်ပြီး အာရုံစိုက်ဖို့ ကြိုးစားလိုက်တယ်။ ဘယ်အခြေအနေမှာမဆို ငါက R တက္ကသိုလ်ရဲ့ နာမည်အကြီးဆုံး မေဂျာမှာ တက်နေတာဆိုတော့ ငါ ပေါ့ပေါ့တန်တန် နေလို့ မဖြစ်ဘူး။

ဒါပေမယ့် ဒီစာအုပ်ထဲက စကားလုံးတွေကတော့ ပျံချင်လည်း ပျံနေလိမ့်မယ် သူတို့က ထပ်ချင်လည်း ထပ်နေလိမ့်ဦးမယ်။

အဲ့နောက်မှာတော့ ငါ ထပ်ပြီး အိပ်မောကျသွားတယ်။

ငါ နိုးလာတဲ့ အခါ ကုတ်အပိုတစ်ထည်ကို ငါ့ကိုယ်ပေါ်မှာ တွေ့လိုက်ရတယ်။

ငါ့စိတ်ထဲမှာ တွေးနိုင်တာအားလုံးကတော့ သနားစရာ ရှောင်ဝေလေး ငါနဲ့ စတွေ့ကတည်းက သူ့ကုတ်ကို သူ နောက်ထပ် မပိုင်ရှာတော့ဘူး။

ငါ စားပွဲပေါ်မှာ လဲလိုက်ရင်း မျက်နှာကို ရှန်းချောင်ဝေဘက် လှည့်လိုက်တယ်။

ငါ : ? ?

သူ ဘယ်တုန်းက ငါ့ဘေးကို ရွှေ့လာတာလဲ?

ငါ နိုးလာတာကို မြင်တာနဲ့ ရှန်းချောင်ဝေက သူ့ရဲ့ လက်ထဲက ဘောပင်ကို ချလိုက်ပြီး သူ့မျက်နှာကို ငါ့ဆီ တဖြည်းဖြည်းချင်း ကပ်လာတယ်။

သတိမမူမိဘဲ ငါ နောက်ကို ဆုတ်သွားမိတယ် ဒါပေမယ့် သူ့လက်မောင်းတွေနဲ့ ရုတ်တရက်ကြီး ငါ့ကို ဖက်လိုက်တယ်။

ရင်ကို နွေးထွေးသွားစေတဲ့ Mary Sue ဇာတ်ကွက်တွေ ဖြစ်တော့မယ်လို့ ငါ တွေးနေတုန်းမှာပဲ ရှန်းချောင်ဝေက တစ်ရှူးတစ်ရွက် ထုတ်လာပြီး ငါ့ပါးစပ်ကို သုတ်ပေးတယ်။

“ တံတွေးတွေ ”

━━━━━━━━━━━━━━━━━━━━

wenwen's note :

OCD - အရှည်ကောက်က Obsessive - Compulsive Disorder လို့ခေါ်ပြီး သူက အလွန်အကျွံ စည်းစနစ်ကျမှု၊ ပြီးပြည့်စုံမှု၊ အသေး
စိတ်အချက်အလက်တွေကို အာရုံစူးစိုက်မှုအပြင် တခြားသူတွေနဲ့ ပတ်သက်တဲ့ ထိန်းချုပ်မှုကို လိုအပ်တဲ့ personality disorder တစ်မျိုး

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now