⟪40⟫

128 36 0
                                    

ရှန်းချောင်ဝေနဲ့ ပတ်သတ်ပြီး ပြောင်းလဲသွားတဲ့ ခံစားချက်တွေကို စဉ်းစားနေဖို့ ငါ့မှာ အချိန်မရှိဘူး ဘာလို့လဲဆိုတော့ ငါ ဒေါသထွက်နေခဲ့လို့။

ငါ အရမ်း စိတ်တိုနေတာနဲ့ ရှန်းချောင်ဝေရဲ့ WeChat အကောင့်ကို သွားပြီး block ပစ်လိုက်တယ်။

ဟမ့် နင် အခု ငါ့ကို ဘယ်လို ကစားဦးမလဲ ကြည့်ကြသေးတာပေါ့!

အဲ့ဒီညမှာပဲ ငါ ဒီအကြောင်းကို လုံးလုံး မေ့သွားပြီး အိပ်ရာပေါ်မှာ စတင် လဲလျောင်းလိုက်ရင်း ဖုန်းကောတစ်ခုကို လက်မခံရသေးခင်အထိ ဒရာမာဇာတ်လမ်းကို ပျော်ပျော်ရွှင်ရွှင် ကြည့်နေခဲ့တယ်။

ဒါ ဘယ်သူ ဖြစ်မလဲ?

ငါ : “ ငါ အိမ်တစ်အိမ် ဝယ်ဖို့လည်း မလိုအပ်ဘူး။ ချေးငွေ ယူစရာလည်း မလိုဘူး။ English စာလည်း မသင်ဘူး။ ပြီးတော့ ငါ့မှာ ကလေးလည်း မရှိဘူး နင် ဘယ်သူလဲ? ”

ဖုန်းတစ်ဖက်က ပုဂ္ဂိုလ် : ......

ငါ : “ ဘာစကားမှ မပြောရင် ချလိုက်တော့မယ် ”

“ ချရဲရင် ချကြည့်လိုက်လေ ”

ငါးကြင်းတစ်ကောင်လို အိပ်ရာပေါ်မှာ မတ်မတ်ထိုင်လိုက်ရင်း : “ ရှန်း... ရှန်းချောင်ဝေ? ”

ရှန်းချောင်ဝေ : “ ဘာဖြစ်လို့ ကိုယ့်ကို WeChat မှာ block ထားတာလဲ? ”

ငါ : ......

ဘာလို့လဲဆိုတော့ ငါ စိတ်ဆိုးလို့?

ဘာလို့လဲဆိုတော့ နင် ငါ့ကို အရူးလုပ်လို့?

ငါ : “ ဘာလို့လဲဆိုတော့ ငါ နင်နဲ့ စကားမပြောချင်လို့ပေါ့! ဟွန့်! ”

ပြောပြီးတာနဲ့ ငါ ကြက်သေသေမိသွားတယ်။ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံနဲ့တောင် ယှဉ်လို့ ရလောက်တဲ့ ဒီအသံက တကယ်ကြီး ငါ့အသံတဲ့လား?

ရှန်းချောင်ဝေ ရပ်သွားပြီး တစ်စုံတစ်ခုကို ချုပ်တီးနေရသည့်နှယ် သူ့အသံက အက်ရှရှ ဖြစ်လို့နေတယ် : “ မင်း အရင် အောက်ဆင်းလာခဲ့။ ကိုယ် မင်းတို့ အဆောင်ရှေ့က လှေကားအောက်မှာ ”

ငါ : ?

ငါ အိပ်ရာထဲကနေ အမြန်ဆုံး ထွက်ပြီး လေသာဆောင်ဆီကို လျှောက်သွားလိုက်တယ်။

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now