⟪33⟫

124 29 0
                                    

Ahhhhh ကယ်ကြပါဦး!

ငါ စားပွဲပေါ်ကို လဲနေရင်းနဲ့ လက်မောင်းတွေထဲ မျက်နှာကို မြုပ်ထားလိုက်တယ်။

ဘယ်လိုတောင် ရှက်စရာ ကောင်းတာလဲ!

ရှန်းချောင်ဝေ : “ မင်း မနိုးသေးဘူးပေါ့လေ? ”

ငါ ထုံထုံထိုင်းထိုင်း ပြန်ဖြေတယ် : “ ငါ နိုးပြီ ဒါပေမယ့် ငါ့မှာ အခု လူတွေကို ကြည့်စရာ မျက်နှာ
မရှိဘူး ”

ရှန်းချောင်ဝေ ရုတ်တရက် ရယ်လိုက်တယ်။

ရယ်သံစွက်နေတဲ့ အသံနဲ့ သူ ငါ့နား နားကို မှီလာပြီး : “ ကိုယ့်အတွင်းခံကိုတောင် မင်း ကောက်ယူခဲ့ပြီးနေပြီကို ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရေပါး*နေရသေးတာလဲ? ”

ငါ့နားတွေက အရဲလွန်ပြီး ပူလောင်လာသလို ခံစားရတယ်။

ရှန်းချောင်ဝေက သက်ပြင်းချရင်း : “ နေ့မှာကျ အတန်းလစ်ပြီး ကိုယ်ပိုင်စာကြည့်ချိန်မှာကျ အိပ်တယ်။ မင်း မေဂျာကို ကျရင် ဘယ်လိုလုပ်မလဲ ဟမ်? ယင်းယင် ”

[ T|N : ချောင်ဝေက ဝမ်ဝမ်လို့ ခေါ်လိုက်တယ်ပဲ တွေးလိုက်ပါတယ် ( ᵕꈊᵕ ) ]

ငါ့ရဲ့ နှလုံးခုန်နှုန်းက ရုတ်တရက်ကြီး ခုန်တက်သွားတယ်။

ဘာသာရပ်တစ်ခုကို ကျတာက ငါ့ကို သေစေနိုင်တယ်။

ဒါပေမယ့် ရှန်းချောင်ဝေ ငါ့ကို ယင်းယင်လို့ ခေါ်တာက ပိုပြီးတော့ သေစေနိုင်တယ်။

━━━━━━━━━━━━━━━━━━━━

wenwen's notes :

အရေပါး - လွယ်လွယ်ရှက်

suddenly ကလေ တစ်ပုဒ်လုံး အပိုင်းတိုင်း အပိုဒ်တိုင်း မပါတဲ့‌ နေရာကို မရှိဘူး Dian-nim က တော်တော် သဘောကျပုံပဲ ╥﹏╥

အတွင်းခံတစ်စုံမှအစပြု၍Dove le storie prendono vita. Scoprilo ora