⟪9⟫

146 30 0
                                    

ငါ အချိန်အတော်ကြာအောင် ပြန်မတုံ့ပြန်နိုင်ခဲ့ဘူး။

ရှန်းချောင်ဝေ : မင်း ကိုယ့်ကို ထပ်ပြီး delete ချင်သေးလို့လား?

ငါ : ......

ငါ : ခုနတုန်းက အဲ့ဒါ ငါ့သူငယ်ချင်းပါဆို! !

ရှန်းချောင်ဝေ : Oh

ငါ အော်ဟစ်လိုက်တယ်။

ဒီလူ့ကို ကြည့်ရတာ ငါ့ကို ဖောက်ထွင်းမြင်နိုင်တဲ့
ပုံပဲ! ပြီးတော့ သူက ငါ့နာမည်ကိုလည်း သိနေသေး
တယ်!

အဲ့နေ့ ငါ အခန်းမှားဝင်တုန်းက သူ ငါ့ကို မှတ်မိသွား
တာလား? ဒါပေမယ့်လည်း ကံကောင်းမှု တစ်စွန်း
တစ်စကိုတော့ ငါဆုပ်ကိုင်ထားနိုင်ပါသေးတယ်။

ငါ : အတန်းဖော်ရှန်း နင် ငါ့နာမည်ကို ဘယ်လို သိတာလဲ?

ရှန်းချောင်ဝေ : ကျောင်းက Volunteer Group Chat ထဲမှာ မင်းကိုယ်တိုင် ရေးထားတာလေ

ငါ အံ့ဩပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတယ် ပြီးတာနဲ့ ကျောင်းက Volunteer Group အတွက် လုပ်ထားတဲ့ Group Chat ကြီးကို အလျင်အမြန် ရှာဖွေလိုက်တယ်။

ရှန်းချောင်ဝေက အမှန်တကယ်ကို အဲ့ထဲမှာ ရှိနေခဲ့
တယ်။

ပြီးတော့ group ထဲက ငါ့ရဲ့ nickname က
ဒုတိယနှစ် - စီးပွားရေး - ဆွေ့ယင်းယင်။

ငါ အကုန်လုံးနီးပါး တွက်ချက်ခဲ့တယ် ဒါပေမယ့် ငါတို့က တူညီတဲ့ Group Chat ထဲမှာ ရှိလိမ့်မယ်
လို့တော့ မတွက်ချက်ခဲ့မိဘူး။

ငါ အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး လိုရင်းကိုသာ တန်း‌ပြောလိုက်တယ်။

ငါ : အတန်းဖော်ရှန်း အဲ့တော့ ငါတို့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ?

ရှန်းချောင်ဝေး : ဒီနေ့နေ့လယ်မှာ မင်းရဲ့ မေဂျာ
အတွက် Common Required Class* တက်ဖို့ ရှိလား?

ငါ : ရှိတယ် ထင်တယ်

ရှန်းချောင်ဝေ : ကိုယ့်မှာလည်း အဲ့အတန်း ရှိတယ်

ငါ : နင် ဘာကို ဆိုလိုချင်တာလဲ...

ငါ : မပြောနဲ့နော်...

ငါ : Common Required Class အချိန်အတွင်း
မှာ နင် ငါ့ကို...

ရှန်းချောင်ဝေ : ဟုတ်တယ်

ငါ :

       〔 ငါ့ကို အသက်ရှင်ခွင့် ပေးနိုင်မလား 〕

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

       〔 ငါ့ကို အသက်ရှင်ခွင့် ပေးနိုင်မလား 〕

ငါ : ငါ ငြင်းလို့ ရမလား?

ရှန်းချောင်ဝေ : မရဘူး

ငါ : ......

ငါ ငိုချင်နေပေမယ့်လည်း မျက်ရည်က မကျဘူး ဖြစ်နေတယ်။

ဘုရားသခင် ငါ့ကို ဆွံ့အသွားစေတဲ့ ဒီအခြေအနေမျိုးနဲ့ ကြုံတွေ့ရလောက်အောင် ဘယ်လို မကောင်းမှုမျိုးကိုများ ငါ ကျူးလွန်ခဲ့မိလို့လဲ?

━━━━━━━━━━━━━━━━━━━━

wenwen's note :

Common Required Class - မေဂျာပေါင်းစုံ၊ အတန်းပေါင်းစုံက တူတူတက်ရတဲ့ အတန်းမျိုးဆို
တော့ ကိုယ်တွေ minor တွဲ တက်တာမျိုးကို
ပြောချင်တာ ထင်ပါတယ်

အတွင်းခံတစ်စုံမှအစပြု၍Nơi câu chuyện tồn tại. Hãy khám phá bây giờ