⟪26⟫

135 23 0
                                    

ဒါက အကျဉ်းထောင်ထဲမှာ အစားတစ်နပ် စားနေရသလိုပဲ။

စားပြီးတာနဲ့ ငါ အမြန်ဆုံး လစ်ထွက်လာခဲ့တယ်။

နေ့လယ်ခင်းမှာ Common Required Class တစ်ခုတည်း ရှိတယ် ပြီးတော့ အဲ့အတန်းကိုလည်း ငါ စိတ်တိုနေတာနဲ့ လစ်လိုက်တယ်။

ရှောင်ကျန်းက ငါ့ကို WeChat ကနေ message တစ်စောင် ပို့လာပြီး စစ်ဆေးတယ် နောက်ပြီး တစ်‌ယောက်ယောက်က ခိုးရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုပါ ပို့လာတယ်။

ရှောင်ကျန်း : ယင်းယင် နင် အဆင်ပြေရဲ့လား? နေ့လယ်တုန်းက နင့်ပုံစံကို ကြည့်ရတာ နည်းနည်း စိတ်ဓာတ်ကျနေသလိုပဲ

ပုံထဲမှာ ငါက လက်ထိပ်နဲ့ သူခိုးတစ်ယောက်လို စိတ်ပျက်အားလျော့စွာ ထမင်းစားစားပွဲမှာ ထိုင်နေတယ်။ ရှန်းချောင်ဝေနဲ့ ကျိချောင်ကတော့ ငါ့ကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ ဆွေးနွေးနေကြတဲ့ ရဲသားနှစ်ယောက်လို စကားပြောနေကြတယ်။

ငါ့ရဲ့ အသည်းနှလုံးထဲကနေကို လက်မကြီးကြီး ပေးလိုက်တယ်။

ဒီခိုးရိုက်ထားတဲ့ ဓာတ်ပုံကနေပြီး နောက်ဆုံးတော့ ငါနဲ့ ရှန်းချောင်ဝေကြားက ဆက်ဆံရေးရဲ့ အနှစ်သာရကို ရိုက်ယူနိုင်ခဲ့တဲ့ ရူးသွပ်လောက်စရာ ဓာတ်ပုံဆရာက ဘယ်သူများလဲ?

ရှောင်ကျန်း : နင် ရှန်းချောင်ဝေနဲ့ ဘယ်လို တွေ့ခဲ့မှန်း ငါ မသိပေမယ့် နင်တို့ နှစ်ယောက်ကြားက အခြေအနေက နည်းနည်း တင်းမာနေသလိုပဲ

ငါဖြင့် ပျော်လွန်းလို့ မျက်ရည်ပူတွေတောင် ကျလာတော့မလို့ပဲ။

ထင်တဲ့အတိုင်းပဲ ညတိုင်း ငါနဲ့ အတူ ခေါင်းချင်းဆိုင် အိပ်တဲ့ ညီအစ်မက ငါ့ကို ကောင်းကောင်းကြီး နားလည်တယ်။

ငါ : ငါ တကယ်ကို ကြောက်နေခဲ့တာ အဓိကက ဘာလို့လဲဆိုတော့ ငါ လတ်တလော ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အထင်လွဲမှုတချို့ကြောင့်လေ

ရှောင်ကျန်း : အိုခေ ဒီအစ်မက နင် ခက်ခဲနေမှတော့ ကူညီရမှာပေါ့

ငါ :

〔 ချစ်တယ် ! 〕

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချစ်တယ် !

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now