⟪6⟫

162 26 0
                                    

ရှန်းချောင်ဝေကို ဆက်သွယ်နိုင်မယ့် အချက်အလက်
ကို ရဖို့က ရိုးရှင်းစွာပဲ သိပ်ကို လွယ်ကူလွန်းတယ်။ ငါ ကျောင်းက Forum မှာ အမည်မဖော်ပဲ မေးလိုက်ပြီး ချက်ချင်းပဲ အချက်အလက်ကို ရလိုက်တယ်။

ဒါပေမယ့် ငါ သူ့ကို ငါ့ရဲ့ ကိုယ်ပိုင် WeChat အကောင့်ကို သုံးပြီး အပ်ဖို့ထိတော့ မလုပ်ရဲပါဘူး‌
နော်။ ငါ့ဝမ်းကွဲရဲ့ WeChat အကောင့်ကို ငှားဖို့ Honor of Kings* က Epic Skin ကို‌ ပေးလိုက်
ရတယ်။

သူ့ရဲ့ WeChat Moments တွေက ကန့်သတ်ထား
တယ် ဆိုတာရယ်၊ အချက်အလက်တွေက မှန်မမှန် ဆိုတာရယ်ကို အတည်ပြုပြီးနောက်မှာတော့ ငါ သူ့ဆီကို friend request ပို့လိုက်တယ် ──

“ Hello စီနီယာ ညီမက အစ်ကို့ရဲ့ ဂျူနီယာပါ။
အစ်ကို့ကို မေးချင်တာလေးရှိလို့ ”

တစ်နာရီသာ ကုန်သွားတယ် ဘာတုံ့ပြန်မှုမှ မရလာဘူး။

အရမ်းကို အေးစက်စက်နိုင်တာပဲလား?

ငါ friend request ထပ်ပို့လိုက်တယ် ──

“ Hello စီနီယာ ညီမမှာ တကယ့်ကို အရေးတကြီး မေးစရာလေး ရှိနေလို့ပါ ”

နောက်ထပ် တစ်နာရီသာ ကုန်သွားတယ် ဘာမှ မဖြစ်လာဘူး။

အရင်က ရှန်းချောင်ဝေကို add တဲ့ မိန်းကလေးတွေ အများကြီး ရှိခဲ့လို့များလား? အဲ့ဒါကြောင့် သူက လာ add တဲ့ သူတွေကို အလိုအလျောက် လျစ်လျူရှု
ထားလိုက်တော့တာလား?

တခြားနည်းလမ်း မရှိတော့ဘူး ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးမှ ရတော့မယ် ──

“ Hello စီနီယာ အစ်ကို့သူငယ်ချင်းရဲ့ အတွင်းခံ ခိုးခံရတယ်လို့ ညီမကြားတယ် ”

ဒီစာကြောင်းက တကယ့်ကို အလုပ်ကောင်းကောင်း
ဖြစ်သွားပုံပဲ။ နာရီဝက်အကြာမှာ ရှန်းချောင်ဝေ ငါ့ရဲ့ friend request ကို လက်ခံလိုက်တယ်။

ရှန်းချောင်ဝေ : ကိုယ် တောင်းပန်ပါတယ် အခုလေးတင် Self-study လုပ်နေခဲ့လို့ ဖုန်းကို မကြည့်မိလိုက်ဘူး

ငါ : ......

ဒါက အကြောင်းပြချက်လား?

ရှန်းချောင်ဝေ : ကိုယ့်သူငယ်ချင်း အတွင်းခံ အခိုးခံရ
တယ်? မင်း ဒါကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ?

ငါ့မှာ အကြံဉာဏ် တစ်ခုရှိတာ‌မို့ ငါ‌ ပြောလိုက်တယ် : ညီမ ဒါကိုတော့ လျို့ဝှက်ထားမှ ဖြစ်မယ်

ရှန်းချောင်ဝေ ဘာမှ reply မပြန်လာဘူး။

ငါ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေလိုက်တယ် : စီနီယာ ဒါက ဒီလိုပါ ညီမသူငယ်ချင်းက လမ်းပေါ်က
နေ အမဲရောင် CK Brand အတွင်းခံတစ်ထည်ကို ကောက်ရထားလို့ အတွင်းခံ ပျောက်သွားတဲ့ သူငယ်ချင်းက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား? အဲ့လိုဆို အစ်ကို့ရဲ့ သူငယ်ချင်းနဲ့လည်း ညီမတို့ အတည်ပြုလို့ရပြီ

Message ကို ပို့ပြီးနောက်မှာတော့ ငါ စိတ်သက်သာ
ရာရသွားတယ်။

ဒီအကြောင်းပြချက်က အလုံခြုံဆုံးပဲဆိုတာ သေချာဖို့ လုံလောက်တယ်။

အတည်ပြုဖို့ရန် ရှန်းချောင်ဝေက ငါ့ကို ဘယ်သူ အတွင်းခံ ပျောက်တာလဲဆိုတာ သေချာပေါက် ပြောပြလိမ့်မယ်။

အချိန်ရောက်လာတဲ့အခါ အဲ့ဒါကို လျို့လျို့ဝှက်ဝှက်
နဲ့ ပြန်ပေးဖို့ပဲဖြစ်ဖြစ်၊ တစ်ဖက်လူကို ငွေပေးရမှာပဲ
ဖြစ်ဖြစ်၊ အသစ်တစ်ထည် ဝယ်ပေးရတာပဲဖြစ်ဖြစ် ငါ့အသိစိတ်လေးက ပိုပြီး နေလို့ကောင်းသွားလိမ့်
မယ်။

ဒါပေမယ့် ရှန်းချောင်ဝေဟာ အချိန်အတော်ကြာတဲ့
ထိ reply မပြန်လာခဲ့ဘူး။

ငါ : စီနီယာ?

ရှန်းချောင်ဝေ : အဲ့ဒါ ကိုယ်ပါ

ငါ : ? ?

ရှန်းချောင်ဝေ : အတွင်းခံပျောက်သွားတဲ့ တစ်ယောက်ဆိုတာ ကိုယ်

ရှန်းချောင်ဝေ : တစ်ဆိတ်လောက် မင်း ဘယ်သူလဲ?

ငါ : ......

ငါ သူ့ကို အမြန်ဆုံး block လိုက်တော့တယ်။

━━━━━━━━━━━━━━━━━━━━

wenwen's note :

Honor of Kings - League of Legends ကို inspired ယူပြီး Tencent က ထုတ်ထားတဲ့ ဂိမ်းဖြစ်ပြီး သူက LOL တို့ Dota တို့နဲ့ ဆော့ပုံဆော့နည်း ဆင်ပါတယ်တဲ့ ဘယ်လိုဘယ်ပုံ ဆော့ရတယ်ဆိုတာတော့ ကိုယ်လည်း တစ်ခါမှ မဆော့ဖူးလို့ မရှင်းပြတတ်ပါဘူး ㅠㅠ

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now